သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ယောဘဝတ္တု။ 27:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ပြုသောအမှုကို သင်တို့အား ငါဖော်ပြမည်။ အနန္တတန်ခိုးရှင်၌ရှိသမျှသောအရာတို့ကို မထိမ်မဝှက်ဖော်ပြမည်။ Common Language Bible ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။ Garrad Bible ငါ သည် ဘု ရား သ ခင်၏ လက် ရုံး တော် အ ကြောင်း ကို၊ သင် တို့ အား သွန် သင် လျက်၊ အ န န္တ တန် ခိုး ရှင်၏ အ ပြု အ မူ တော် များ ကို ထိမ် ချန် မည် မ ဟုတ်။ Judson Bible ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာတို့ကို ငါထိမ်ဝှက်၍မထား။ |
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
သူသည် အနန္တတန်ခိုးရှင်ကို နှစ်သက်လိမ့်မည်လော။ ဘုရားသခင်ထံ အစဉ်အော်ဟစ်ဆုတောင်းလိမ့်မည်လော။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။
အကယ်စင်စစ် ထာဝရဘုရားသည် အားကြီးသောလက်တော်ကို ငါ့အပေါ်တင်လျက် ဤလူမျိုး၏လမ်းသို့မလိုက်ရန် ငါ့ကိုပဲ့ပြင်တော်မူသည်ကား
ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။