ယောဘဝတ္တု။ 27 - Garrad Bible1 ထို့ နောက်၊ ယော ဘ သည် ပုံ ဆောင် ချက် ကို ဆက် လက် မြွက် ဆို သည် ကား၊ 2 ငါ့ တ ရား မှု ကို ပယ် ပ တော် မူ သော ဘု ရား သ ခင်၊ စိတ် ကို နစ် နာ စေ တော် မူ သော အ န န္တ တန် ခိုး ရှင်၏ အ သက် တော် ကို တိုင် တည်၍၊ 3 ဇီ ဝ အ သက် ရှိ သေး လျက်၊ နှာ ခေါင်း၌ ဘု ရား သ ခင် ရှု မှုတ် တော် မူ သော လေ ရှိ သေး လျက်၊ ငါ သ စ္စာ ဆို သည် မှာ၊ 4 ငါ သည် မ တ ရား သော စ ကား ကို နှုတ် မ မြွက်။ ပ ရိ ယာယ် စ ကား ကို လည်း လျှာ ဖြင့် မ ဆို ချေ။ 5 သေ သည့် တိုင် အောင်၊ ငါ စုံ လင် သည် ဟု၊ မ ငြင်း မ ဆို သည့် အ တိုင်း၊ သင် တို့ စ ကား မှန် သည် ဟု ဝန် ခံ ရ ခြင်း ကား၊ ငါ နှင့် ကင်း ဝေး ပါ စေ သော။ 6 ငါ့ နေ့ ရက် တာ အ တွင်း၊ စိတ် နှ လုံး က အ ပြစ် မ တင် ခဲ့ သည် နှင့် အ ညီ၊ ငါ ဖြောင့် မတ် သည် ဟု မ လွှတ် ဘဲ အ မြဲ ဝန် ခံ မည်။ 7 ငါ့ ရန် သူ သည် လူ ဆိုး ကဲ့ သို့လည်း ကောင်း၊ တစ် ဘက်၌ ထ ကြွ သူ လည်း မ တ ရား သူ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ သော။ 8 လူ သ ရော် လူ ပျက်၏ အ သက် ကို၊ ဘု ရား သ ခင် နုတ် ယူ သိမ်း တော် မူ သော အ ခါ၊ သူ၌ မည် သို့ စောင့် မျှော် ရာ အ ကြာင်း ရှိ တော့ အံ့ နည်း။ 9 ဒု က္ခ ရောက် သော အ ခါ၊ သူ ဟစ် သံ ကို၊ ဘု ရား သ ခင် နား ညောင်း တော် မူ မည် လော။ 10 ထို သူ သည် အ န န္တ တန် ခိုး ရှင်၌ အ ခါ ခပ် သိမ်း မွေ့ လျော်၍၊ ဘု ရား သ ခင် အား ပ ဌ နာ ပြု မည် လော။ 11 ငါ သည် ဘု ရား သ ခင်၏ လက် ရုံး တော် အ ကြောင်း ကို၊ သင် တို့ အား သွန် သင် လျက်၊ အ န န္တ တန် ခိုး ရှင်၏ အ ပြု အ မူ တော် များ ကို ထိမ် ချန် မည် မ ဟုတ်။ 12 သင် တို့ ရှိ သ မျှ သည် ထို သို့ ဒိ ဋ္ဌ မြင် ရ ဘူး ပါ လျက်၊ အ ဘယ့် ကြောင့် အ ချည်း အ နှီး သက် သက် ဖြစ် ကြ သ နည်း။ 13 ဘု ရား သ ခင့် ထံ တော်၌ လူ ဆိုး၏ ဝေ ပုံ၊ အ န န္တ တန် ခိုး ရှင် ထံ တော် မှ ကြမ်း ကြုတ် သူ ခံ ရ သော ပိုင် စု ဟူ မူ ကား၊ 14 ဆင်း သက် သော သား မြေး များ ပြား ပါ သော် လည်း၊ ဓား စာ ဖြစ်၏။ အ စာ အာ ဟာ ရ နှင့် လည်း ရောင့် ရဲ ခွင့် မ ရ ကြ။ 15 ကျန် ကြွင်း သော သူ တို့ မှာ သေ ဘေး တွေ့၍ မြေ မြှုပ် ခံ ကြ ရာ၊ မု ဆိုး မ တို့ သည် ငို ကြွေး မြည် တမ်း ခြင်း ကို မ ပြု ရ ကြ။ 16 မြေ မုန့် နှင့် အ မျှ ငွေ ကို ဆည်း ပူး၍၊ ရွှံ့ နှင့် အ မျှ အ ဝတ် တန် ဆာ ကို စု ဆောင်း ထား သော် လည်း၊ 17 ထား သော အ ဝတ် ကို ဖြောင့် မတ် သူ ဝတ် ဆင်၍၊ ငွေ ကို လည်း အ ပြစ် ကင်း သူ တို့ ဝေ ငှ ခွင့် ရ ကြ လိမ့် မည်။ 18 ထို သူ သည်၊ လယ် စောင့် သူ ထိုး တတ် သော တဲ ကဲ့ သို့ လည်း ကောင်း၊ ပိုး ရွ လုပ် ထား သ ကဲ့ သို့လည်း ကောင်း၊ အိမ် ကို တည် ဆောက် ရ၏။ 19 ဥ စ္စာ ဓ န ရှိ၍ အိပ် သော် လည်း၊ ထပ် မံ၍ မ အိပ် ရ။ မျက် စိ ပွင့် လျှင် ပွင့် ချင်း မ ရှိ ချေ။ 20 ကြောက် မက် ဖွယ် ရာ များ သည်၊ ရေ ဘေး ကဲ့ သို့ သူ့ ကို လိုက် မီ လျက်၊ ညဉ့် အ ခါ၌ လေ ဗွေ တိုက် သွား လေ၏။ 21 အ ရှေ့ လေ သည်၊ သူ့ ကို နေ ရာ အ ရပ် မှ ဆောင် ချီ တိုက် သွား၍ မ တည် မ နေ နိုင်။ 22 မ ညှာ တာ ဘဲ မြှား တော် နှင့် ပစ် သ ဖြင့်၊ လက် တော် မှ ပြေး သွား မြဲ ပြေး သွား ရ၏။ 23 လူ တို့ လည်း လက် ပမ်း ပေါက် ခတ် လျက်၊ ပြက် ရယ် ပြု ကြ သ ဖြင့်၊ နေ ရာ အ ရပ် မှ၊ သူ ပြေး သွား ရ သ တည်း။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar