သင်သည် အပြစ်ကင်းလျက် မျက်နှာမော်နိုင်လိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိ လုံခြုံစွာနေရလိမ့်မည်။
ယောဘဝတ္တု။ 22:26 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍ ဘုရားသခင်ကို ဖူးမြော်ရလိမ့်မည်။ Common Language Bible သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။ Garrad Bible ထို အ ခါ သင် သည် အ န န္တ တန် ခိုး ရှင်၌ မွေ့ လျော်၍၊ ဘု ရား သ ခင် ရှေ့ တော် တွင် မော် ကြည့် ခွင့် ရ သည့် ပြင်၊ Judson Bible သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။ |
သင်သည် အပြစ်ကင်းလျက် မျက်နှာမော်နိုင်လိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိ လုံခြုံစွာနေရလိမ့်မည်။
သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။
သူသည် အနန္တတန်ခိုးရှင်ကို နှစ်သက်လိမ့်မည်လော။ ဘုရားသခင်ထံ အစဉ်အော်ဟစ်ဆုတောင်းလိမ့်မည်လော။
သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
အကြောင်းမူကား သူက ‘ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ခြင်းသည် ဘာမျှအကျိုးမရှိ’ဟု ဆို၏။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ကိုယ်တော့်အစေအပါး၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အို ဘုရားရှင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
သင်သည် ထာဝရဘုရား၌ပျော်မွေ့ရလိမ့်မည်။ ငါသည်လည်း သင့်အား မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သင့်အဖ ယာကုပ်၏အမွေဥစ္စာနှင့် သင့်ကို ငါကျွေးမွေးမည်။ ဤသို့ ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူ၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
တောင်းလျှောက်သမျှတို့ကို ဘုရားသခင်ထံမှရကြ၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း၍ ရှေ့တော်၌ နှစ်သက်တော်မူသောအရာများကို ပြုကြသောကြောင့်ဖြစ်၏။