ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 22:25 - မြန်မာ့စံမီသမ္မာကျမ်း အနန္တတန်ခိုးရှင်သည် သင့်အဖို့ ရွှေ၊ သင့်အဖို့ငွေစင် ဖြစ်လိမ့်မည်။ Common Language Bible ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။ Garrad Bible သင့် ရ တ နာ မြတ်၊ ဘော် စင် အ ရာ၌ ဖြစ် တော် မူ ပါ လိမ့် မည်။ Judson Bible ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍ ဘုရားသခင်ကို ဖူးမြော်ရလိမ့်မည်။
ရွှေကိုပိုင်ဆိုင်၍ မိမိတို့အိမ်ကို ငွေဖြင့်ပြည့်စေသော မင်းညီမင်းသားများနှင့်အတူ အိပ်စက်အနားယူနေရပြီ။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
“ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။