သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။
ယောဘဝတ္တု။ 21:16 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သူတို့၏စည်းစိမ်သည် သူတို့လက်၌ပင်မရှိ။ ဆိုးယုတ်သောသူတို့၏အကြံအစည်မျိုး ငါ၌မရှိ။ Common Language Bible သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ Garrad Bible ၎င်း တို့ သည် ကိုယ့် ကောင်း စား ခွင့် ကို၊ ကိုယ် ပိုင် သည် မ ဟုတ်။ လူ ဆိုး တို့ အ ကြံ အ စည် သည် ငါ နှင့် ကင်း ဝေး စွ တ ကား ဟု ဆို ပါ ဦး။ Judson Bible သို့သော်လည်း သူတို့သည်ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ |
သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
သို့သော် ကိုယ်တော်သည် သူတို့အိမ်ကို ကောင်းသောအရာများနှင့် ပြည့်စေ၏။ လူဆိုးတို့၏အကြံဉာဏ်မူကား ငါနှင့်ဝေး၏။
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။
လေကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။