သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။
ယောဘဝတ္တု။ 21:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားနည်းလမ်းတို့ကို ငါတို့မသိလိုပါ။ Common Language Bible ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊ Garrad Bible ဘု ရား သ ခင် အား ထို သူ တို့ က၊ နည်း လမ်း တော် များ ကို မ သိ လို သော ကြောင့် ထွက် ကြွ တော် မူ ပါ။ Judson Bible ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍လည်းကောင်း၊ |
သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။
အကြောင်းမှာ သူတို့သည် ကိုယ်တော့်နောက်လိုက်ရာမှ ပြန်လှည့်သွားကြ၏။ နည်းလမ်းတော်များကို အလေးမထားကြ။
သို့သော် ‘ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၊ ညအချိန်သီချင်းဆိုရသောအခွင့်ကို ပေးတော်မူသောအရှင်၊
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။ “ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
အကြောင်းမူကား သူတို့သည် အသိပညာကိုမုန်း၍ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို မရွေးချယ်ကြ။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
ဤလမ်းမှ ထွက်သွားကြပါ။ ဤလမ်းမှ ရှောင်သွားကြပါ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို ငါတို့ရှေ့မှ ကွယ်ပျောက်စေကြပါ”ဟု ဆိုတတ်ကြ၏။
ယခုမျိုးဆက်တို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြလော့။ ငါသည် အစ္စရေးလူမျိုးအဖို့ တောကန္တာရကဲ့သို့ ဖြစ်ဖူးသလော။ အမှောင်ထုလွှမ်းသောပြည်ကဲ့သို့ ဖြစ်ဖူးသလော။ ငါ၏လူမျိုးတော်က ‘ငါတို့သည် လွတ်လပ်သောသူဖြစ်၏။ ကိုယ်တော်ထံ ပြန်မလာတော့ပါ’ဟု အဘယ်ကြောင့်ဆိုကြသနည်း။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် ထိုသူအပေါင်းတို့ကို ငါးမျှားချိတ်နှင့်မျှားလျက်၊ ပိုက်ကွန်နှင့်ဖမ်းလျက်၊ ပိုက်နှင့်ဆွဲလျက် ဝမ်းမြောက်ရွှင်လန်းကြ၏။
သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။