ယေရမိ 2:31 - မြန်မာ့စံမီသမ္မာကျမ်း31 ယခုမျိုးဆက်တို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြလော့။ ငါသည် အစ္စရေးလူမျိုးအဖို့ တောကန္တာရကဲ့သို့ ဖြစ်ဖူးသလော။ အမှောင်ထုလွှမ်းသောပြည်ကဲ့သို့ ဖြစ်ဖူးသလော။ ငါ၏လူမျိုးတော်က ‘ငါတို့သည် လွတ်လပ်သောသူဖြစ်၏။ ကိုယ်တော်ထံ ပြန်မလာတော့ပါ’ဟု အဘယ်ကြောင့်ဆိုကြသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible31 ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။- အခန်းကိုကြည့်ပါ။Garrad Bible31 အို ယ ခု အ ဆက် အ နွယ် တို့၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ကို အာ ရုံ ပြု ကြ လော့။ ငါ သည်၊ ဣ သ ရေ လ လူ မျိုး အ ဖို့ သဲ က န္တာ ရ သ ဖွယ် သော် လည်း ကောင်း၊ မှောင် ကျ ရာ ပြည် သ ဖွယ် သော်လည်း ကောင်း၊ ဖြစ် ဖူး သ လော။ ငါ တို့ သည် လွတ် ကြ ပြီ။ ကိုယ့် ထံ ပြန် တော့ မည် မ ဟုတ် ဟု၊ လူ မျိုး တော် ငြင်း ဆို သည် မှာ၊ အ သို့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible31 ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့သို့လည်းကောင်း၊ မှောင်မိုက်နိုင်ငံကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တစ်ဖန် မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။ အခန်းကိုကြည့်ပါ။ |
ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။