သုတ္တံကျမ်း။ 1:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကြောင်းမူကား သူတို့သည် အသိပညာကိုမုန်း၍ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို မရွေးချယ်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible29 အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။ အခန်းကိုကြည့်ပါ။Garrad Bible29 အ သို့ ဆို သော်၊ အ သိ ပ ညာ ကို မုန်း ထား လျက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ။ အခန်းကိုကြည့်ပါ။Judson Bible29 အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။ အခန်းကိုကြည့်ပါ။ |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။