ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ယောဘဝတ္တု။ 19:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။ Common Language Bible ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ Garrad Bible ဘု ရား သ ခင် သည် ငါ့ အ ပေါ် တွင် အ လွဲ စီ ရင်၍၊ ပိုက် တော် ဖြင့် ချ ဖမ်း တော် မူ သည် ကို သိ မှတ် ကြ လော့။ Judson Bible ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ |
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
သင်တို့သည် ဘုရားသခင်နည်းတူ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်း။ ငါ့အသားညှဉ်းဆဲခံရသည်ကိုပင် သင်တို့မကျေနပ်သေးသလော။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
လမ်းပျောက်နေသူ၊ ဘုရားသခင်ဆီးတားပိတ်ဆို့ထားသောသူကို အဘယ်ကြောင့် အလင်းပေးသနည်း။
ကိုယ်တော်သည် အကျွန်ုပ်ကို ရက်စက်စွာပြုတော်မူပြီ။ အားကြီးသောလက်တော်ဖြင့် ညှဉ်းဆဲတော်မူပြီ။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ယခု ပြန်ဆင်ခြင်ကြပါ။ မတရားသောသူများ မဖြစ်ကြနှင့်။ ထပ်ပြီးဆင်ခြင်ကြည့်ကြပါ။ ဤအမှု၌ ငါဖြောင့်မတ်ပါသေး၏။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
ဘုရားသခင်သည် တရားမျှတမှုကို မတရားမှုဖြစ်စေမည်လော။ အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်ခြင်းကို ကောက်ကွေ့စေမည်လော။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် များစွာသောလူအလုံးအရင်းနှင့်အတူ သင့်ကို ငါ့ပိုက်ကွန်ဖြင့် အုပ်မည်။ သူတို့သည် ထိုပိုက်ကွန်ဖြင့် သင့်ကိုဆွဲယူကြလိမ့်မည်။
သူတို့သွားလေရာရာသို့ ငါ့ပိုက်ကွန်ဖြင့် လိုက်အုပ်မည်။ မိုးကောင်းကင်ငှက်ကဲ့သို့ သူတို့ကို ဆွဲချမည်။ သူတို့လူအုပ်ကြီးကို သတိပေးခဲ့သည့်အတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။