အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်းကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။
ယောဘဝတ္တု။ 18:8 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူ့ခြေတို့သည် ပိုက်ကွန်နှင့်ငြိ၍ သူသည်လည်း ကွန်ရက်ထဲတွင် လည်နေလိမ့်မည်။ Common Language Bible ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။ Garrad Bible ထို သူ သည် ခြောက် လှန်း လွဲ သ ဖြင့် ပိုက် ထဲ သို့ ရောက်၍၊ တွင်း ကျ ပေါ် တွင် လျှောက် သွား ရ၏။ Judson Bible ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။ |
အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်းကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာအား “ထိုသို့ပြုရန် စိတ်ရဲတင်းသူကား အဘယ်သူနည်း။ အဘယ်မှာ နေသနည်း”ဟု မေးလျှင်
သူ၏ဖနောင့်သည် ကျော့ကွင်း၌ မိလိမ့်မည်။ ညွှတ်ကွင်းသည်လည်း သူ့ကိုဆွဲထားလိမ့်မည်။
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ထို့ကြောင့် ကျော့ကွင်းများသည် သင့်ကိုဝိုင်းရံထားပြီး ရုတ်တရက်ကျရောက်သောကြောက်မက်ဖွယ်ဘေးသည်လည်း သင့်ကို ထိတ်လန့်စေပြီ။
သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။
ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။ သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
မကောင်းမှုပြုသောသူသည် အပြစ်ကျူးလွန်ခြင်းထဲ၌ ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ရွှင်လန်းစွာသီချင်းဆိုလျက် ဝမ်းမြောက်တတ်၏။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
အို မြေကြီးသားတို့၊ သင်သည် ကြောက်မက်ဖွယ်ဘေး၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ကျရောက်လေပြီ။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် များစွာသောလူအလုံးအရင်းနှင့်အတူ သင့်ကို ငါ့ပိုက်ကွန်ဖြင့် အုပ်မည်။ သူတို့သည် ထိုပိုက်ကွန်ဖြင့် သင့်ကိုဆွဲယူကြလိမ့်မည်။
ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။
မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။