Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 9:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။ သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 လူ မျိုး ခြား တို့ သည်၊ တူး လုပ် သော တွင်း ၌ နစ် မြုပ် လျက်၊ ဝှက် ထား သော ပိုက် တွင် ခြေ မိ လျက် ရှိ နေ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 9:15
11 ပူးပေါင်းရင်းမြစ်များ  

ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။


ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။


ထာဝရဘုရား​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​ကို ကယ်တင်​တော်မူ​ကြောင်း ယခု​ငါ​သိ​၏​။ ကိုယ်တော်​သည် သူ့​အား လက်ယာ​လက်​တော်​၏​အစွမ်းတန်ခိုး​တော်​များ​ဖြင့် ကယ်တင်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သော​ကောင်းကင်ဘုံ​မှ သူ့​ကို​ထူး​တော်မူ​၏​။


ပျက်စီးဆုံးပါး​ခြင်း​သည် ထိုသို့​သော​သူ​အပေါ် အမှတ်မထင်​ကျရောက်​ပါစေသော​။ သူ​လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​၌ သူ​ကိုယ်တိုင်​ပြန်မိ​၍ ထို​ပျက်စီးဆုံးပါး​ခြင်း​ထဲသို့​ပင် ကျရောက်​ပါစေသော​။


ထိုအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ရွှင်လန်း​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်မြူး​လိမ့်မည်​။


သူ​တို့​၏​ဓား​သည် သူ​တို့​၏​နှလုံး​ကို​ထိုးဖောက်​၍ သူ​တို့​၏​လေး​များ​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။


သူ​တို့​သည် အကျွန်ုပ်​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ကို ဖြန့်​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​သွား​မည့်​လမ်း​၌ ထောင်ချောက်​တွင်း​ကို တူး​ထား​ပြီး သူ​တို့​ကိုယ်တိုင် ထို​တွင်း​ထဲ​သို့ ကျ​ကြ​ပါ​၏​။(​စေလာ)


ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


မတရားမှု​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် ဆင်းရဲဒုက္ခ​ကို​ရိတ်သိမ်း​ရ​၍ သူ​၏​ဒေါသ​ကြိမ်လုံး​သည် ပျက်စီး​သွား​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ