ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
ယောဘဝတ္တု။ 15:13 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဘုရားသခင်ကို စိတ်ဆိုး၍ ဤကဲ့သို့သောစကားမျိုး နှုတ်မှထွက်လာရသလော။ Common Language Bible သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ Judson Bible သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ |
ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
အဘယ်ကြောင့် သင့်စိတ်အလိုကို သင်လိုက်ရသနည်း။ အဘယ်ကြောင့် သင့်မျက်လုံးများအရောင်တောက်နေရသနည်း။
လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
မိမိလျှာကို မကောင်းမှုမှလည်းကောင်း၊ မိမိနှုတ်ခမ်းကို လိမ်လည်လှည့်ဖြားပြောဆိုခြင်းမှလည်းကောင်း ကင်းဝေးအောင်စောင့်စည်းလော့။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။
ထာဝရဘုရားက “သင်တို့သည် ငါ့ကိုဆန့်ကျင်၍ မောက်မောက်မာမာပြောဆိုကြ၏”ဟု မိန့်ဆိုသော် သင်တို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မည်သို့ဆန့်ကျင်ပြောဆိုကြသနည်း”ဟု ပြန်၍ပြောဆိုကြ၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။