မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။
မိန်း မ မှ ဖွား မြင် သော လူ သည်၊ အ သက် တာ တို၍၊ အ နှောင့် အ ရှက် ပြည့် ဝ လေ ၏။
လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။
ထို့နောက် အာဒံအား “သင်သည် မိမိမယား၏စကားကိုနားထောင်၍ မစားရဟု သင့်အား ငါပညတ်ထားသောအပင်၏အသီးကိုစားသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံရ၏။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး မြေ၏အသီးကို ပင်ပန်းခက်ခဲစွာလုပ်ကိုင်စားသောက်ရမည်။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ဖခင်အား “ခေါင်းကိုက်၏။ ခေါင်းကိုက်၏”ဟု ဆိုသဖြင့် သူ့ဖခင်က ငယ်သားအား “သူ့မိခင်ထံ ချီသွားပါ”ဟု ဆို၏။
အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
ကိုယ်တော့်ရှေ့တွင် လသည်ပင် တောက်ပသည်မဟုတ်။ ကြယ်များလည်း စင်ကြယ်သည်မဟုတ်။
မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။
လူသည် မြေကြီးပေါ်တွင် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ကြရပါသည်တကား။ လူအသက်ရှင်သောနေ့ရက်တို့သည် သူရင်းငှား၏နေ့ရက်ကဲ့သို့ ဖြစ်ပါသည်တကား။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
အကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊ လူသားအပေါင်းတို့ကို အချည်းနှီးသောအရာအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သတိရတော်မူပါ။
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။