ယောဘဝတ္တု။ 11:20 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။ Common Language Bible ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။ Garrad Bible လူ ဆိုး တို့ မှာ၊ မျက် စိ အား ကုန် လျက်၊ ထွက် ပြေး ခွင့် မဲ့၍။ ချင်း တို့၏ စောင့် မျှော် ရာ စောင့် မျှော် ကြောင်း ကား၊ အ သက် သေ ခြင်း တည်း ဟု မြွက် ဆို လေ၏။ Judson Bible ဆိုးသောသူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့ မျှော်လင့်စရာအကြောင်းသည် အခိုးအငွေ့သက်သက် ဖြစ်သည်ဟု မြွက်ဆို၏။ |
ဝေစုရရှိရန် ကိုယ့်မိတ်ဆွေကို သစ္စာဖောက်သောသူ၏သားသမီးတို့သည်လည်း မျက်စိကွယ်ရလိမ့်မည်။
သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။
လေအရှိန်မှလွတ်အောင် အသည်းအသန်ထွက်ပြေးသော်လည်း လေသည် သူ့ကို မညှာမတာတိုက်သွားလိမ့်မည်။
ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
သေခြင်းကိုတောင့်တသောသူတို့သည် သေခွင့်ကို မရကြ။ သူတို့သည် ဝှက်ထားသောဘဏ္ဍာထက် သေခြင်းကို သာ၍ရှာဖွေကြ၏။
ငါသည် ဆင်းရဲသားတို့ တောင်းဆိုသည်ကို မဖြည့်ဆည်းပေးဘဲ မုဆိုးမမျက်နှာကိုလည်း ညှိုးငယ်စေခဲ့ဖူးသလော။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
သိုးထိန်းတို့ ထွက်ပြေးစရာလမ်းမရှိ။ သိုးစုခေါင်းဆောင်တို့ လွတ်မြောက်ရာလမ်းမရှိ။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။