Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 18:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ​ခိုလှုံ​ရာ​တဲ​ထဲမှ သူ့​ကို​ဆွဲထုတ်​ပြီး ထိတ်လန့်​ခြင်း​ဘုရင်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သူ ကိုး စား သော ယာ ယီ တဲ အ တွင်း မှ နုတ် ယူ ခြင်း ကို ခံ၍။ ဘေး မင်း ထံ သို့ သွား ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သူ​ခို​လှုံ​ရာ​အ​ကြောင်း​ကို သူ၏​နေ​ရာ​မှ​ပယ်​ရှင်း၍၊ သူ့​ကိုယ်​ကို ဘေး​ဒဏ်​တို့၏​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 18:14
16 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။


သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။


ကျော​တွင်​စိုက်ဝင်​နေ​သော​မြား​ကို​ဆွဲနုတ်​သောအခါ သည်းခြေ​၌​စူး​နေ​သော မြားဦး​သည်​လည်း ထွက်လာ​၍ သူ​သည် ကြောက်ရွံ့ထိတ်လန့်​လျက်​နေ​ရ​လိမ့်မည်​။


နံနက်အချိန်​သည် သူ​တို့​အဖို့ သေမင်း​အရိပ်​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​သည် ထိတ်လန့်ဖွယ်​သော​သေမင်းအရိပ်​နှင့် အကျွမ်းဝင်​ကြ​၏​။


သူ​ဆောက်​ထား​သော​အိမ်​သည် ပိုးအိမ်​နှင့် တူ​၏​။ ကင်းစောင့်​ဆောက်​သော​တဲ​နှင့် တူ​၏​။


မာန်တက်​သော​သတ္တဝါ​များ​ကို ခပ်မာမာ​ပင် ပြန်ကြည့်​တတ်​၏​။ သားရဲ​အပေါင်း​တို့​တွင် သူ​သည် ရှင်ဘုရင်​ပင် ဖြစ်​၏​”​ဟု မုန်တိုင်း​ထဲမှ မြွက်ဆို​တော်မူ​၏​။


သူ​ယုံကြည်အားထား​သော​အရာ​သည် မတည်တံ့​။ သူ​ကိုးစားသောအရာ​သည်​လည်း ပင့်ကူ​အိမ်​မျှသာ ဖြစ်​၏​။


သင့်​ကို​မုန်း​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​ကို ဝတ်ဆင်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​တဲ​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ဆိုးယုတ်​သော​သူ​သည် ထို​အမှုအရာ​ကို​မြင်​သောအခါ အမျက်ထွက်​၍ အံကြိတ်​ကာ ချုံးချုံးကျ​သွား​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ပျက်စီး​သွား​လိမ့်မည်​။


အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်​လျက်​နေ​ပါ​၏​။ သေ​ခြင်း​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​အပေါ်​ကျရောက်​လာ​ပါ​၏​။


ဖြောင့်မတ်​သော​သူ​တို့​မျှော်မှန်း​သော​အရာ​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား ပျက်စီး​သွား​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


သေ​ခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ