လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
ယောဘဝတ္တု။ 11:12 - မြန်မာ့စံမီသမ္မာကျမ်း မြည်းရိုင်းသည် လူကိုမွေးထုတ်သောအခါမှသာ ပညာမဲ့သောသူသည် ပညာရှိဖြစ်လာနိုင်လိမ့်မည်။ Common Language Bible သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။ Garrad Bible ပ ညာ မဲ့ သူ တို့ ကား၊ လူ အ ဖြစ် မြည်း ရိုင်း သား ငယ် ပေါက် ဖွား ရိုး ရှိ ခဲ့ လျှင်၊ ဉာဏ် ပ ညာ ကို ရ လိမ့် မည်။ Judson Bible သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။ |
လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။
မြည်းရိုင်းသည် မြက်နုရှိလျက်နှင့် ဟီမည်လော။ နွားသည်လည်း အစာရှိလျက်နှင့် အော်မည်လော။
လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။ သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍ လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။(စေလာ)
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။
သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
တစ်ဖန် လူသားတို့နှင့်ပတ်သက်၍ “သူတို့သည် တိရစ္ဆာန်ကဲ့သို့သာဖြစ်ကြောင်းကို သူတို့တွေ့မြင်ကြစေရန် ဘုရားသခင်သည် သူတို့ကိုစိစစ်တော်မူ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
ရာဂစိတ်ထကြွနေသော၊ တောကန္တာရ၌ကျက်စားနေသော မြည်းရိုင်းမပါတကား။ မိတ်လိုက်ချိန်၌ သူ့ကို အဘယ်သူ ထိန်းချုပ်နိုင်သနည်း။ မိတ်လိုက်ချိန်၌ သူ့ကိုအပင်ပန်းခံပြီးရှာစရာမလိုဘဲ တွေ့လိမ့်မည်။
သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။
အို လူမိုက်၊ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်း သင်သိလိုသလော။