သို့သော် ယခုမှာ သူငယ် သေပြီဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်ရတော့မည်နည်း။ သူ့ကို ငါပြန်ခေါ်လာနိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ ငါ့ဆီ သူပြန်လာနိုင်တော့မည်မဟုတ်”ဟု မိန့်ဆို၏။
ယောဘဝတ္တု။ 10:21 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။ Common Language Bible မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊ Judson Bible မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊ |
သို့သော် ယခုမှာ သူငယ် သေပြီဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်ရတော့မည်နည်း။ သူ့ကို ငါပြန်ခေါ်လာနိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ ငါ့ဆီ သူပြန်လာနိုင်တော့မည်မဟုတ်”ဟု မိန့်ဆို၏။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင်
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
သေမင်းတံခါးများက သင့်ကိုဖွင့်ပေးဖူးသလော။ သေမင်းအရိပ်၏တံခါးများကို သင်မြင်ဖူးသလော။
အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
လူသည် ဂုဏ်အရှိန်အဝါ၌ရှိသော်လည်း အသိဉာဏ်မရှိလျှင် သေကျေပျက်စီးတတ်သောတိရစ္ဆာန်များနှင့်တူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
သက်ရှိကမ္ဘာမြေ၌ ထာဝရဘုရားရှင်ကို ငါဖူးမြင်ရတော့မည်မဟုတ်။ ကမ္ဘာလောက၌နေထိုင်သော လူသားတို့ကို တွေ့မြင်ရတော့မည်မဟုတ်။
သူတို့က ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပြီးလျှင် ချောက်ပေါများသောသဲကန္တာရ၊ ခြောက်သွေ့၍သေမင်းအရိပ်လွှမ်းမိုးရာ၊ နေထိုင်သွားလာသူမရှိရာ တောကန္တာရတစ်လျှောက် ပို့ဆောင်တော်မူသောထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။