သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 1:21 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။ Common Language Bible အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ Garrad Bible ငါ သည်၊ အ ချည်း စည်း အ မိ ဝမ်း မှ လာ ခဲ့ ရ သည့် အ တိုင်း၊ အ ချည်း စည်း ပင် ပြန် သွား ရ တော့ မည် တ ကား။ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ၏။ ထာ ဝ ရ ဘု ရား ပင် ရုတ် သိမ်း တော် မူ၏။ ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ မင်္ဂ လာ ရှိ ပါ စေ သော ဟု မြွက် ဆို လေ၏။ Judson Bible အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟုတွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ယခု လက်တော်ကိုဆန့်၍ သူ၌ရှိသမျှကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော့်ကို မျက်ဝါးထင်ထင်ကျိန်ဆဲပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
ကိုယ်တော်သိမ်းယူတော်မူလျှင် မည်သူတားနိုင်သနည်း။ ‘မည်သို့ပြုတော်မူသနည်း’ဟု ကိုယ်တော်အား မည်သူမေးလျှောက်ဝံ့သနည်း။
ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ဂုဏ်ယူဝါကြွားမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ဝမ်းမြောက်ကြပါစေသော။
ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
အကြောင်းမူကား သူသေဆုံးသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည်မဟုတ်။ သူ၏ဘုန်းအသရေသည် သူ့နောက်လိုက်ပါဆင်းသွားလိမ့်မည်မဟုတ်။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
ထိုဓနဥစ္စာသည် အဖြစ်ဆိုးတစ်ခုကြောင့်ဆုံးရှုံးသွား၍ ထိုသူသည် သားကိုရသော်လည်း ထိုသား၏လက်တွင် မည်သည့်အရာမျှမရှိချေ။
သူသည် အမိဝမ်းထဲမှ အဝတ်မပါအချည်းစည်းထွက်လာသည့်နည်းတူ ပြန်သည့်အခါ၌လည်း မိမိလာသည့်အတိုင်း ပြန်သွားရမည်။ မိမိ၏လက်တွင် မိမိကြိုးပမ်းအားထုတ်မှုထဲမှ ဘာမျှမယူဆောင်ဘဲသွားရမည်။
ဘုရားသခင်သည် ဓနဥစ္စာနှင့် စည်းစိမ်ချမ်းသာကိုပေးတော်မူသောသူတိုင်းအား ထိုအရာတို့ကိုခံစားသုံးဆောင်ရသောအခွင့်ကိုလည်းကောင်း၊ မိမိ၏ဝေစုကိုယူ၍ မိမိ၏ကြိုးပမ်းအားထုတ်မှု၌ ဝမ်းမြောက်ရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ဤအရာသည် ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
ထို့ကြောင့် အရှေ့အရပ်၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
အမြင့်ဆုံးသောအရှင် နှုတ်မြွက်သည့်အတိုင်း အကောင်း၊ အဆိုး ဖြစ်လာတတ်သည်မဟုတ်လော။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့။
အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ မည်သည့်အရာကိုမျှ မယူလာသကဲ့သို့ မည်သည့်အရာကိုမျှလည်း ယူသွားနိုင်ကြမည်မဟုတ်။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
အကျွန်ုပ်သည် ထွက်သွားစဉ်က ပြည့်ပြည့်စုံစုံနှင့် ထွက်သွား၏။ ယခုမူကား ထာဝရဘုရားသည် လက်ချည်းသက်သက်ပြန်လာစေတော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို နောမိဟု ခေါ်ကြဦးမည်နည်း။ ထာဝရဘုရားသည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်ကို ဒုက္ခရောက်စေတော်မူပြီ”ဟု ပြန်ပြော၏။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။