အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယု​ဒ 1:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် ညည်းညူ​တတ်​သော​သူ၊ သူတစ်ပါး​၏​အပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​တပ်မက်​ခြင်း​အတိုင်း လျှောက်လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့ထွင်​ဝါကြွား​ပြောဆို​တတ်​၍ ကိုယ်ကျိုး​အတွက် လူ​တို့​ကို​မြှောက်ပင့်​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သူ တို့ သည် ဝန် တို ညည်း ညူ လျက် ကိုယ့် တပ် မက် ခြင်း အ တိုင်း လျှောက် လိုက် သူ၊ စ ကား လုံး ကြီး များ ပြော ဆို သူ ကိုယ့် အ ကျိုး ကို ငဲ့၍ မျက် နှာ ကြီး ငယ် ထောက် သူ များ ဖြစ် ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​သူတို့​သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့​၏ တပ်မက်မှု​အတိုင်း ပြုမူတတ်သူ၊ ချဲ့ကား​ကြွားဝါ​ပြောတတ်သူ၊ ကိုယ်ကျိုး​အတွက် သူတစ်ပါး​ကို မြှောက်ပင့်တတ်သူတို့​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။



ယု​ဒ 1:16
38 ပူးပေါင်းရင်းမြစ်များ  

မည်သူ့​ကို​မျှ မျက်နှာ​မ​လိုက်​ပါ​။ မည်သူ့​ကို​မျှ မျက်နှာချိုသွေး​ပြီး မ​ပြော​ပါ​။


ကိုယ်တော်​သည် အကြီးအကဲ​တို့​ကို မျက်နှာလိုက်​သည်​မ​ဟုတ်​။ သူဌေး​ကို ဆင်းရဲသား​ထက် ပို၍​အသိအမှတ်ပြု​သည်​မ​ဟုတ်​။ အကြောင်းမူကား လူ​အားလုံး​သည် ဖန်ဆင်းခံလက်ရာ​တော်​များ ဖြစ်​ကြ​၏​။


မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။


ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊


သူ​တို့​သည် အကြင်နာစိတ်​ကင်းမဲ့​၍ သူ​တို့​နှုတ်​သည် မောက်မာ​စွာ​ပြောဆို​ပါ​၏​။


သူ​တို့​သည် ပြက်ရယ်​ပြု​၍ ဆိုးညစ်​စွာ​ပြောဆို​တတ်​ကြ​၏​။ ထောင်လွှား​သော​စိတ်​ဖြင့် ဖိနှိပ်ချုပ်ချယ်မှု​အကြောင်း​ကို ပြောဆို​တတ်​ကြ​၏​။


မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။ သို့သော် လူ​သည် မုန့်​တစ်လုတ်စာ​အတွက် အပြစ်ကျူးလွန်​တတ်​၏​။


စိတ်သဘော​လွဲမှား​သော​သူ​တို့​သည် အသိဉာဏ်​ကို​ရရှိ​ကြ​လိမ့်မည်​။ ညည်းတွား​သော​သူ​တို့​သည် ပညာ​ကို ခံယူ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


တရားစီရင်​ရာ​တွင် မတရားသဖြင့် မ​စီရင်​ရ​။ ဆင်းရဲ​သော​သူ​ကို ဘက်​မ​လိုက်​ရ​။ ချမ်းသာ​သော​သူ​ကို​လည်း မ​လိုက်လျော​ရ​။ သင်​၏​အိမ်နီးချင်း​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။


ထို​ပြည်​ကို​စူးစမ်း​ရန် မောရှေ​စေလွှတ်​ခဲ့​သော​သူ​တို့​သည် ပြန်လာ​ပြီး ထို​ပြည်​နှင့်​ပတ်သက်၍ မကောင်းသတင်း​ဖြန့်​လျက် လူထု​အပေါင်း​တို့​ကို ညည်းညူ​စေ​ခဲ့​ကြ​၏​။


ထို့ကြောင့် သင်​နှင့်​သင့်​အပေါင်းပါ​အားလုံး​တို့​သည် စုဝေး​၍ ထာဝရဘုရား​ကို​ဆန့်ကျင်​သော​သူ​များ​ဖြစ်​ကြ​၏​။ အာရုန်​သည် မည်သို့​သော​သူ​ဖြစ်၍ သင်​တို့​သည် သူ့​ကို အပြစ်တင်​ကြ​သနည်း​”​ဟု ဆို​လေ​၏​။


နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။


ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “ဤ​သူ​သည် အပြစ်သား​များ​ကို​လက်ခံ​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။


ဤ​အခြင်းအရာ​ကို မြင်​သော​သူ​အပေါင်း​တို့​က “ကိုယ်တော်​သည် အပြစ်သား​၏​အိမ်​သို့​ဝင်​၍​တည်းခို​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။


ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။


ယေရှု​က“ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က


ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့်“ဤ​စကား​ကြောင့် သင်​တို့​စိတ်ပျက်​ကြ​သလော။


သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။


ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။


သင်​တို့​သည် မိမိ​တို့​၏​တဲ​များ​၌ ညည်းတွား​ကြ​လျက် ‘​ထာဝရဘုရား​သည် ငါ​တို့​ကို​မုန်းတီး​သောကြောင့် အာမောရိ​လူမျိုး​တို့​၏​လက်​သို့​အပ်​ခြင်း​ဖြင့် ငါ​တို့​ကို ဖျက်ဆီး​ဖို့ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပါ​သည်​တကား​။


အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။


ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်


ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။


အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ


ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ဤသည်ကား ကိုယ်ကာယ​၌​အသက်ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အချိန်​ကာလ​ကို လူ​တို့​၏​တပ်မက်​ခြင်း​အားဖြင့် မ​ဟုတ်​တော့​ဘဲ ဘုရားသခင်​၏​အလို​တော်​အားဖြင့် အသက်ရှင်​နိုင်​ရန်​ဖြစ်​၏။


အထူးသဖြင့် ညစ်ညူး​သော​တပ်မက်​မှု​အားဖြင့် သွေးသား​ဇာတိ​နောက်​သို့​လိုက်​၍ အုပ်စိုး​ခြင်း​ကို​မထီမဲ့မြင်​ပြု​သော​သူ​တို့​ကို ထိုသို့​ထိန်းသိမ်း​ထား​တော်မူ​လိမ့်မည်။ ဤ​သူ​တို့​သည် အတင့်ရဲ​သော​သူ၊ ထင်ရာစိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​တို့​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။


အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။


ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ


ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။


သူ​တို့​က “နောက်ဆုံး​သော​ကာလ​၌ မိမိ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့်ဆိုင်သော တပ်မက်​ခြင်း​များ​အတိုင်း​လျှောက်လှမ်း​သည့် ပြက်ရယ်ပြု​တတ်​သော​သူ​များ ပေါ်လာ​ကြ​လိမ့်မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။