မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။
ယာကုပ် 5:15 - မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ Common Language Bible ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။- Garrad Bible ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။ Judson Bible ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကို နာလန်ထစေတော်မူလိမ့်မည်။ ထိုသူသည် အပြစ်ကျူးလွန်ခဲ့မိလျှင်လည်း ခွင့်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။ |
မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍“ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။
သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။