ယာကုပ် 5:15 - Common Language Bible15 ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကို နာလန်ထစေတော်မူလိမ့်မည်။ ထိုသူသည် အပြစ်ကျူးလွန်ခဲ့မိလျှင်လည်း ခွင့်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-