Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:14
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။


ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။


ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။


ဘုရားသခင်​သည် သခင်​ဘုရား​ကို ထမြောက်​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ကို​လည်း မိမိ​၏​တန်ခိုး​တော်​အားဖြင့် ထမြောက်​စေ​တော်မူ​လိမ့်မည်။


ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။


အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။


ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။


ငါ​တို့​သည် လူ​တိုင်း​ကို ခရစ်တော်​၌​စုံလင်​ရင့်ကျက်​သော​သူ​အဖြစ် ဆက်သ​နိုင်​ရန် လူ​တိုင်း​ကို သတိပေး​ဆုံးမ​ကာ ဉာဏ်ပညာ​ရှိသမျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်သင်​လျက် ထို​သခင်​အကြောင်း​ကို ဟောပြော​ကြ​၏။


အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။


ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။


သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ