Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 5:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထိုနောက်ယေရှုသည် ဗိမာန်တော့်အတွင်းထိုသူ့ကိုတွေ့ရာ သင်ကျန်းမာလေပြီ။ ထိုထက်ကြီးလေးသောအပြစ်ဒဏ်သင့်မည်ကိုစိုး၍ နောက်ထပ်မပြစ်မှားလင့်ဟုမိန့်တော်မူသည်နှင့် ထိုသူထွက်သွား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်တော်​၌ တွေ့မြင်တော်မူ​သဖြင့် “ယခု သင်​ကျန်းမာပြီ။ နောက်ထပ် အပြစ်​မပြုနှင့်။ သို့မဟုတ်​လျှင် ပို​၍ ဆိုးရွားသော​ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 5:14
23 ပူးပေါင်းရင်းမြစ်များ  

အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။


သူ​တို့​သည် အေးအေးချမ်းချမ်း​နေ​ရ​သောအခါ ကိုယ်တော်​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ကြ​ပြန်​သဖြင့် သူ​တို့​ကို အုပ်ချုပ်​မည့်​ရန်သူ​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။ သူ​တို့​သည် ပြန်လာ​၍ ကိုယ်တော့်​ထံ အော်ဟစ်​သောအခါ ကိုယ်တော်​သည် ကောင်းကင်​မှ နားညောင်း​တော်မူ​၏​။ ကိုယ်တော်​၏ ကရုဏာ​တော်​နှင့်အညီ သူ​တို့​ကို​အကြိမ်ကြိမ်​ကယ်နုတ်​တော်မူ​ခဲ့​၏​။


ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။


အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်​ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။


ယခုအခါ ငါ​၏​ဦးခေါင်း​သည် ငါ့​ပတ်လည်​ရှိ ငါ့​ရန်သူ​တို့​အထက်၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ ထို့ကြောင့် ငါ​သည် ကိုယ်တော်​၏​တဲ​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​တည်းဟူသော ယဇ်​များ​ကို​ပူဇော်​ပါ​မည်​။ ငါ​သည် သီချင်းဆို​လျက် ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ပါ​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ သေ​ခြင်း​၏​တံခါးဝ​မှ အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​ကြည့်ရှု​တော်မူ​ပါ​။


ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​မည်​။ ငါ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် ကြိုးတပ်​တူရိယာ​များ​ကို​တီးခတ်​ကြ​ပါ​မည်​ဟု ငါ​ဆို​၏​”​ဟူ၍ ဖြစ်​၏​။


ဟေဇကိ​မင်းကြီး​က​လည်း “​ထာဝရဘုရား​၏​အိမ်​တော်​သို့ အကျွန်ုပ်​တက်သွား​ရ​မည့် နိမိတ်လက္ခဏာ​ကား အဘယ်နည်း​”​ဟု မေး​လေ​၏​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အမွေး​သည်​လည်း ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် အနာစိမ်း​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။


ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်


မိတ်သဟာယယဇ်​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် ပူဇော်​လို​လျှင် ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​နှင့်အတူ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​၊ အကောင်းဆုံး​ဂျုံမှုန့်​ကို​ဆီ​နှင့်​နယ်​၍ လုပ်​ထား​သော​မုန့်ဝိုင်း​ကို ပူဇော်​ရ​မည်​။


ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။


သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။


ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။


ထို​မိန်းမ​က “တစ်ယောက်မျှ​မ​ရှိ​ပါ သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည်​လည်း သင့်​ကို​ပြစ်ဒဏ်​မ​စီရင်။ သွား​လော့။ ယခု​မှစ၍ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်မူ​၏။]


အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ