ရှင်ယောဟန် 6:39 - မြန်မာ့စံမီသမ္မာကျမ်း39 ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible39 ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible39 ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်၏အလိုတော်ကား ငါ့အားသနားတော်မူသမျှအနက် မည်သူ့ကိုမျှငါမပျောက်စေဘဲ နောက်ဆုံးနေ့တွင်ရှင်ပြန်ထမြောက်စေခြင်းငှါတည်း။ အခန်းကိုကြည့်ပါ။Judson Bible39 ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ဘုရားသခင်၏ အလိုတော်မှာ ငါ့ကို ပေးအပ်ထားတော်မူသောသူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့တွင် ထိုသူတို့ကို သေရာမှ ထမြောက်စေရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ39 ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- အခန်းကိုကြည့်ပါ။ |
ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။