အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
ယာကုပ် 2:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ”ဟု ပညတ်တော်မူသောအရှင်သည် “လူမသတ်ရ”ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်သော်လည်း လူသတ်လျှင် ပညတ်တရားကို ဖောက်ဖျက်ကျူးလွန်သူဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်``သူ့အိမ်ရာကိုမပြစ် မှားနှင့်'' ဟုမိန့်တော်မူသောအရှင်သည် ``သူ့ အသက်ကိုမသတ်နှင့်'' ဟုလည်းမိန့်တော်မူ သောကြောင့်ဖြစ်၏။ သင်သည်သူ့အိမ်ရာကို မပြစ်မှားဘဲနေကောင်းနေလိမ့်မည်။ သို့ရာ တွင်လူ့အသက်ကိုသတ်ပါမူပညတ်တော် ကိုချိုးဖောက်ရာရောက်၏။- Garrad Bible အ သို့ ဆို သော် သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့် ဟု မိန့် တော် မူ သော အ ရှင် က သူ့ အ သက် ကို မ သတ် နှင့် ဟူ၍ လည်း မိန့် တော် မူ သည့် အ လျောက် သင် သည် သူ့ သား အိမ် ရာ ကို မ ပြစ် မှား သော် လည်း သတ် မိ လျှင် တ ရား တော် ကို လွန် ကျူး သူ ဖြစ် လေ ပြီ။ Judson Bible သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကို သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “သူတစ်ပါးသားမယားကို မပြစ်မှားနှင့်” ဟု ပညတ်တော်မူသောအရှင်က “လူ့အသက်ကို မသတ်နှင့်” ဟူ၍လည်း ပညတ်တော်မူသေး၏။ ထို့ကြောင့် သင်သည် သူတစ်ပါးသားမယားကို မပြစ်မှားသော်လည်း လူ့အသက်ကို သတ်လျှင် ပညတ်တရားကို ချိုးဖောက်သူဖြစ်၏။ |
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
ထိုသူကလည်း “မည်သည့်ပညတ်တော်များနည်း”ဟု မေးလျှောက်ပြန်သော် ယေရှုက“လူမသတ်ရ။ အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။
‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။
‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော”ဟု မိန့်တော်မူ၏။
အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။