ယာကုပ် 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ဖြစ်၍သင်တို့သည်လွတ်မြောက်ခြင်းဆိုင် ရာတရားတော်အရတရားစီရင်ခြင်းခံ ရကြမည့်သူတို့ကဲ့သို့ပြောဆိုကျင့်ကြံ ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible12 လွတ် ခွင့် ဆိုင် ရာ တ ရား အ တိုင်း စီ ရင် ဆုံး ဖြတ် ခံ ရ မည့် သူ များ အ ဖြစ် ပြော ဆို ပြု မူ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible12 လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထို့ကြောင့် သင်တို့အား လွတ်မြောက်စေမည့် ပညတ်တရားအားဖြင့် စီရင်ခံရမည့်သူများကဲ့သို့ ပြောဆိုပြုမူကြလော့။ အခန်းကိုကြည့်ပါ။ |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊