သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ယာကုပ် 1:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။ Common Language Bible ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။ Garrad Bible တပ် မက် ခြင်း သည် သ န္ဓေ စွဲ သော် အ ပြစ် ကို ဖွား တတ်၏။ အ ပြစ် လည်း အ ရွယ် ရောက် သော် သေ ခြင်း ကို ဖွား တတ် ၏။ Judson Bible တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမကောင်းသောတပ်မက်မှုသည် သန္ဓေတည်၍ အပြစ်ကို မွေးဖွား၏။ ထိုအပြစ်သည် ကြီးထွားလာသောအခါ သေခြင်းကို ဖြစ်ပေါ်စေ၏။ |
သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
ဒါဝိဒ်မင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် ထိုမိန်းမရောက်လာလျှင် ဒါဝိဒ်မင်းကြီးသည် သူနှင့်အိပ်လေ၏။ (ဗာသရှေဘသည် မစင်ကြယ်ခြင်းမှ သန့်စင်ပြီးချိန်ဖြစ်၏။) ထို့နောက် သူသည် အိမ်သို့ ပြန်သွား၏။
သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
သင်တို့သည် ဖွဲကိုကိုယ်ဝန်ဆောင်၍ ကောက်ရိုးကို မွေးမည်။ သင်တို့၏ထွက်သက်လေသည် မီးကဲ့သို့ဖြစ်၍ သင်တို့ကိုဝါးမျိုမည်။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။