Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 1:15 - Common Language Bible

15 ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 တပ် မက် ခြင်း သည် သ န္ဓေ စွဲ သော် အ ပြစ် ကို ဖွား တတ်၏။ အ ပြစ် လည်း အ ရွယ် ရောက် သော် သေ ခြင်း ကို ဖွား တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို​မကောင်းသော​တပ်မက်မှု​သည် သန္ဓေတည်​၍ အပြစ်​ကို မွေးဖွား၏။ ထို​အပြစ်​သည် ကြီးထွားလာ​သောအခါ သေခြင်း​ကို ဖြစ်ပေါ်စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 1:15
21 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-


မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။-


ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။


သူ​ယုတ်​မာ​တို့​သည်​မ​ကောင်း​မှု​ပြု​ရန်​အ​ဘယ်​သို့​စဉ်း​စား​ကြံ​စည်​သည်​ကို​ကြည့်​လော့။


ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့် သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။


ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။


သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-


သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။


ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-


သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-


လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။-


ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ