Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 33:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​သည် ဖွဲ​ကို​ကိုယ်ဝန်ဆောင်​၍ ကောက်ရိုး​ကို မွေး​မည်​။ သင်​တို့​၏​ထွက်သက်လေ​သည် မီး​ကဲ့သို့​ဖြစ်၍ သင်​တို့​ကို​ဝါးမျို​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သင် တို့ သည် ဖွဲ ကို သ န္ဓေ လွယ်၍၊ မုန် ကာ ကို ဖွား မြင် ကြ မည်။ ထွက် သက် လည်း ကိုယ် ကို ကျွမ်း လောင် အံ့ သော မီး ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​သည် ဖွဲ​ကို ကိုယ်​ဝန်​ဆောင်၍၊ အ​မှိုက်​ကို ဖွား​မြင်​ရ​လိမ့်​မည်။ သင်​တို့ စိတ်​သ​ဘော​သည် မီး​ဖြစ်၍၊ သင်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 33:11
20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အခက်အခဲ​ပြဿနာ​ကို သန္ဓေတည်​၍ အပြစ်ဒုစရိုက်​ကို မွေးဖွား​၏​။ သူ​တို့​၏​ဝမ်း​သည် လိမ်လည်လှည့်ဖြား​ခြင်း​အတွက် အသင့်ရှိ​တတ်​၏​”​ဟု ဆို​လေ​၏​။


တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။


ကြည့်ရှု​လော့​။ ထို​သူ​သည် အပြစ်ဒုစရိုက်​ကို​သန္ဓေလွယ်​၍ အခက်အခဲ​ပြဿနာ​ကို ကိုယ်ဝန်ဆောင်​ကာ မုသား​ကို​မွေးဖွား​လေ​ပြီ​။


သူ​သည် တွင်း​တူး​၍ ၎င်း​ကို​ယက်ထုတ်​ကာ မိမိ​တူး​ထား​သော​တွင်း​ထဲသို့ ကျ​လိမ့်မည်​။


ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။


လူ​တို့​သည် ရေလုံးကြီး​တို့​၏​မြည်ဟည်းသံ​ကဲ့သို့ မြည်ဟည်း​ကြ​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​တော်မူ​သောအခါ အဝေး​သို့​ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ တောင်​ပေါ်မှ​ဖွဲ​ကို လေ​တိုက်​သကဲ့သို့​၊ ဖုန်မှုန့်​ကို လေပွေ​တိုက်​၍ လုံးထွေး​လိမ့်ပါ​သွား​သကဲ့သို့ အလိုက်​ခံရ​ကြ​၏​။


အကျွန်ုပ်​တို့​သည် ကိုယ်ဝန်ဆောင်​သော်လည်း​၊ လူးလွန့်​ရ​သော်လည်း လေ​ကို​ဖွားမြင်​ကြ​၏​။ အကျွန်ုပ်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်သို့ ကယ်တင်​ခြင်း​ကို မ​ယူဆောင်​လာ​နိုင်​ပါ​။ လောကသား​တို့​ကို​လည်း မ​လဲကျ​စေ​နိုင်​ပါ​။


သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။


တရားမျှတမှု​ကို​တောင်းလျှောက်​သော​သူ​မ​ရှိ​။ သစ္စာ​ဖြင့် တရားစီရင်​သော​သူ​မ​ရှိ​။ အချည်းနှီး​သော​အရာ​ကို​ယုံကြည်ကိုးစား​၍ မုသား​ကို​ပြောဆို​ကြ​၏​။ အခက်အခဲ​ပြဿနာ​ကို​ကိုယ်ဝန်ဆောင်​၍ အပြစ်ဒုစရိုက်​ကို​မွေးဖွား​၏​။


သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


ထို​မြေ​သည် သင့်​လက်​ထဲ၌​ရှိ​စဉ် သင်​ပိုင်​သည်​မ​ဟုတ်​လော။ ရောင်း​ပြီး​သောအခါ​၌​လည်း ရရှိ​သော​ငွေ​ကို သင်​အလိုရှိ​သည့်​အတိုင်း ပြု​နိုင်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင့်​စိတ်နှလုံး​ထဲ၌ ဤ​အမှု​ကို အဘယ်ကြောင့်​ကြံစည်​ရ​သနည်း။ သင်​သည် လူ​ကို​လိမ်ညာ​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​ကို​လိမ်ညာ​လေ​ပြီ”​ဟု ဆို​၏။


ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ