ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
မဿဲ 8:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော အ လှူ ကို သက် သေ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- |
ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
ထိုအနာသည် အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင် ဖြစ်နေလျှင် မှိုစွဲနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။
သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။
ထို့နောက် ကိုယ်တော်က မိမိသည်ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။
ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။
သင်တို့၏ဖြောင့်မတ်သောအမှုကို လူတို့မြင်စေရန် လူတို့ရှေ့၌မပြုကြမည့်အကြောင်း သတိထားကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖထံမှ အကျိုးကျေးဇူးကို သင်တို့ရကြလိမ့်မည်မဟုတ်။
သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
သင်တို့ကိုယ်တိုင်လည်း သတိပြုကြလော့။ လူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံကြလိမ့်မည်။ သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ ရိုက်နှက်ခြင်းခံရကြပြီး ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့၌ရပ်လျက် သူတို့ထံ ငါ့အတွက်သက်သေဖြစ်ကြလိမ့်မည်။
ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
ကိုယ်တော်ကလည်း မည်သူမျှ ဤအကြောင်းကိုမသိစေရန် သူတို့အား တင်းကျပ်စွာမိန့်မှာတော်မူပြီးလျှင် သူ့အားစားစရာပေးရန် မိန့်တော်မူ၏။
မည်သည့်အရပ်၌မဆို သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်းနားမထောင်လျှင် ထိုအရပ်မှထွက်ခွာကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။
ထိုအခါ ကိုယ်တော်သည် မိမိအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား သတိပေးတော်မူ၏။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။
ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။
နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။
ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။
ထိုအခါ မိဘတို့သည် အံ့သြငေးမောကြ၏။ သို့ရာတွင် ကိုယ်တော်သည် ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှမပြောရန် သူတို့အား မိန့်မှာတော်မူ၏။
ထိုအခါ ကိုယ်တော်သည် သူတို့အား သတိပေးလျက် ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် အမိန့်ပေးတော်မူပြီးလျှင်
မိမိဆန္ဒအလျောက်ဟောပြောသောသူသည် မိမိ၏ဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်သောအရှင်၏ဘုန်းအသရေကိုရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်ပြီး ထိုသူ၌မတရားမှုမရှိ။
သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။