Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 13:49 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ထို​အနာ​သည် အဝတ်​၊ သားရေ​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင် ဖြစ်​နေ​လျှင် မှိုစွဲနာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​အား ပြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 အ ဝတ်၊ သား ရေ၊ အ တိုင် အ ဖောက်၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ တွင် အ မှတ် လ က္ခ ဏာ မ စိမ်း တ စိမ်း၊ မ နီ တ နီ အ ရောင် ရှိ သော် နူ နာ အ မှတ် လ က္ခ ဏာ ဖြစ် သ ဖြင့် ပ ရော ဟိတ် ထံ ပြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 အ​ဝတ်၌​စွဲ​သော​အ​နာ​သည် ခပ်​စိမ်း​စိမ်း၊ ခပ်​နီ​နီ​ရှိ​လျှင်၊ နူ​နာ​ဖြစ်၏။ ယဇ်​ပု​ရော​ဟိတ်​အား​ပြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:49
5 ပူးပေါင်းရင်းမြစ်များ  

ချည်ချော​၊ သို့မဟုတ် သိုးမွေး​တို့​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​လုပ်သောပစ္စည်း​တစ်ခုခု စသည်​တို့​၌ မှိုစွဲနာ​ရှိ​၍


ယဇ်ပုရောဟိတ်​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ပြီးလျှင် အနာစွဲ​နေ​သော​ပစ္စည်း​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။


သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​သောအခါ အိမ်​နံရံ​ရှိ​အနာ​သည် စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင်​ဖြစ်၍ နံရံ​ထဲ​ထိ​စွဲ​နေ​ဟန်​ရှိ​လျှင်


ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။


ထိုအခါ ကိုယ်တော်​သည် မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်မှာ​လျက်“ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ထား​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ