Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့နောက် ကိုယ်တော်​က မိမိ​သည်​ခရစ်တော်​ဖြစ်​ကြောင်း မည်သူ့​ကို​မျှ​မ​ပြော​ရန် တပည့်​တော်​တို့​အား မိန့်မှာ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို နောက် ခ ရစ် တော် ဖြစ် ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော ကြ စေ ရန် တ ပည့် တော် တို့ ကို မြစ် တား တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့နောက် ယေရှု​က မိမိ​သည် ခရစ်တော်​ဖြစ်ကြောင်း မည်သူ့​ကိုမျှ မပြော​ရန် တပည့်တော်တို့​အား တင်းကျပ်​စွာ မှာကြားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:20
16 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​သည် မာရိ​၏​ခင်ပွန်း​ဖြစ်​သူ သား​ယောသပ်​ကို​ရ​၍ ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​သည် ထို​မာရိ​မှ​မွေးဖွား​တော်မူ​၏။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေရှု​က“လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ ဤ​ရူပါရုံ​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်”​ဟု သူ​တို့​အား မိန့်မှာ​တော်မူ​၏။


ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။


ထိုအခါ ကိုယ်တော်​သည် မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သတိပေး​တော်မူ​၏။


ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်းလာ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​တွေ့မြင်​ခဲ့​ရ​သော​အရာ​များ​ကို လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။


ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။


ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင်


ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။


အန္ဒြေ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်


ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။


မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို သင်​တို့​ယုံကြည်​ကြ​ရန်​နှင့် ထိုသို့​ယုံကြည်​ခြင်း​အားဖြင့် ကိုယ်တော်​၏​နာမ​တော်​၌ အသက်​ကို​ရရှိ​ကြ​ရန် ဤ​အရာ​များ​ကို​ရေး​ထား​ခြင်း​ဖြစ်​၏။


ထို့ကြောင့် ဘုရားသခင်​သည် လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေရှု​ကို သခင်​အရာ​၌​လည်းကောင်း၊ ခရစ်တော်​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ကြောင်း အစ္စရေး​တစ်မျိုးလုံး​သည် သေချာ​စွာ​သိမှတ်​ကြ​ပါစေ”​ဟု ဟောပြော​လေ​၏။


လိမ်လည်​သော​သူ​ကား မည်သူ​နည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ငြင်းပယ်​သော​သူ​မ​ဟုတ်​လော။ ခမည်းတော်​နှင့်​သား​တော်​ကို ငြင်းပယ်​သော​သူ​သည် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ဖြစ်​၏။


ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်ဖွား​စေ​တော်မူ​သော​အရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အရှင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ