ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
မဿဲ 4:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။ Common Language Bible ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။- Garrad Bible ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။ Judson Bible သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။ မြန်မာ သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။ |
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
“သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။
ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏အရပ်ဒေသသို့ ရောက်တော်မူလျှင် နတ်ဆိုးပူးသူနှစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အလွန်ကြမ်းတမ်းသည်ဖြစ်၍ ထိုလမ်းကို မည်သူမျှ ဖြတ်၍မသွားနိုင်ကြချေ။
ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင် နတ်ဆိုးပူးသူတို့၏အကြောင်းမှစ၍ အဖြစ်အပျက်အလုံးစုံတို့ကို ပြောပြကြ၏။
“သခင်ဘုရား၊ အကျွန်ုပ်၏ငယ်သားတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းထန်စွာခံစားလျက် အိမ်၌လဲလျောင်းနေရပါ၏”ဟု တောင်းပန်လျှောက်ထားလေ၏။
ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။
ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ
ထိုအခါ လူတို့သည် လေဖြတ်သောသူတစ်ဦးကို လူလေးယောက်အားထမ်းစေ၍ အထံတော်သို့သယ်ဆောင်လာကြ၏။
လူအစုအဝေးတို့ကြောင့် သူ့ကို ကိုယ်တော်ထံခေါ်ဆောင်သွား၍မရနိုင်သဖြင့် သူတို့သည် ကိုယ်တော်ရှိသည့်နေရာအထက်မှ ခေါင်မိုးကိုခွာ၍ အပေါက်ဖောက်ကာ လေဖြတ်သောသူလဲလျောင်းနေသည့်အိပ်ရာကို လျှောချကြ၏။
လေဖြတ်သောသူအား ‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ သင်၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။
ဤသည်ကား ကုရေနိမင်းသည် ဆီးရီးယားပြည်၏ဘုရင်ခံဖြစ်စဉ်တွင် ပထမအကြိမ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်၏။
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။
သို့သော် လူ့သားသည် မြေကြီးပေါ်တွင် အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု သူတို့အား မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
သူသည် ဆီးရီးယားပြည်နှင့်ဆီလီဆီးယားပြည်တို့ကို လှည့်လည်၍ အသင်းတော်များကို ခိုင်ခံ့မြဲမြံစေ၏။
ဤအရာဖြစ်ပြီးနောက် ကျွန်းပေါ်ရှိနာမကျန်းဖြစ်သောအခြားသူများလည်း ပေါလုထံလာကြ၍ ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ယောရှုနှင့်အတူပါရှိတော်မူသဖြင့် သူ၏ဂုဏ်သတင်းသည် မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လေ၏။