Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့ရာတွင် ကိုယ်တော်​၏​သတင်း​သည် ပို၍​ပျံ့နှံ့​သွား​သဖြင့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​၏​အနာရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် စုဝေး​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အ ကြောင်း သ တင်း တော် သည် တိုး ၍ ကြေ ငြာ သ ဖြင့် ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း၊ ကြီး စွာ သော လူ ပ ရိ သတ် တို့ စု ရုံး လာ ရောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့သော်လည်း ကိုယ်တော်​၏​သတင်းတော်​သည် ပို၍​ပျံ့နှံ့သွား​သဖြင့် လူအုပ်ကြီး​သည် ကိုယ်တော်​၏​တရားတော်​ကို ကြားနာရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် စုဝေးလာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:15
13 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။


ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။


သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။


ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။


သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။


ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊


ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ“ဖာရိရှဲ​တို့​၏​တဆေး​ဖြစ်​သည့် သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သတိထား​ကြ​လော့။


ထို့နောက် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှည့်ကြည့်​၍ ထို​သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ


များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။


ထိုနည်းတူ ကောင်း​သော​အမှု​များ​သည်​လည်း သိသာ​ထင်ရှား​တတ်​၏။ ထိုသို့​မ​ထင်ရှား​ခဲ့​လျှင်​ပင် ဖုံးကွယ်​ထား​၍​မ​ရ​နိုင်​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ