Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 နတ် ဆိုး အ များ တို့ သည် ပြင်း စွာ အော် ဟစ် လျက် ပူး ကပ် သူ တို့ အ ထဲ မှ ထွက် ခွာ ကြ သည့် ပြင်၊ သွက် ချာ ပါ ဒ စွဲ သူ နှင့် ခြေ ဆွံ့ သူ အ များ လည်း ကျန်း မာ ကြ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 အဘယ်ကြောင့်ဆိုသော် နတ်ဆိုးပူးခံရသူ​များစွာ​အထဲ​မှ နတ်ဆိုးတို့​သည် ကျယ်လောင်​စွာ​အော်ဟစ်​၍ ထွက်သွားကြ​သောကြောင့်​ဖြစ်၏။ လေဖြတ်သောသူများ​နှင့် ခြေမသန်သောသူများ​သည်လည်း အကောင်းပကတိ​အတိုင်း ဖြစ်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:7
16 ပူးပေါင်းရင်းမြစ်များ  

ခြေမသန်သူ​တို့​သည် သမင်​ကဲ့သို့​ခုန်ပေါက်​ကြ​လိမ့်မည်​။ ဆွံ့အ​သော​လျှာ​သည် ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်​။ တောကန္တာရ​၌​ရေ​ပန်းထွက်​၍ သဲကန္တာရ​၌​စမ်းချောင်း​စီး​လိမ့်မည်​။


ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။


ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။


ဂျေရုဆလင်​မြို့​ပတ်ဝန်းကျင်​ရှိ မြို့​များ​မှ များစွာ​သော​လူ​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​များ​နှင့် ညစ်ညူး​သော​နတ်​တို့​၏​ပူးဝင်​နှောင့်ယှက်​ခြင်း​ခံရ​သူ​များ​ကို ခေါ်ဆောင်​လာ​၍ စုဝေး​လာ​ကြ​ရာ ထို​သူ​အပေါင်း​တို့​သည် အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။


လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။


ဘုရားသခင်​သည်​လည်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အားဖြင့်​လည်းကောင်း၊ တန်ခိုး​လက္ခဏာ​အမျိုးမျိုး​အားဖြင့်​လည်းကောင်း၊ မိမိ​အလို​တော်​နှင့်အညီ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို မျှဝေ​ပေး​တော်မူ​ခြင်း​အားဖြင့်​လည်းကောင်း သူ​တို့​နှင့်အတူ သက်သေခံ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ