သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
မဿဲ 27:54 - မြန်မာ့စံမီသမ္မာကျမ်း တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။ Common Language Bible တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။ Garrad Bible ယေ ရှု ကို စောင့် ကြပ် သူ တပ် မှူး မှ စ၍ တပ် သား တို့ သည် င လျင် လှုပ် ခြင်း နှင့် တ ကွ အ ဖြစ် အ ပျက် များ ကို မြင် သော် အ လွန် ကြောက် ရွံ့၍ ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို ကြ ၏။ Judson Bible ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။ မြန်မာ ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။- |
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
“ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်သင်ကယ်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာခဲ့လော့”ဟု စော်ကားပြောဆိုကြ၏။
သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်တော်မူလျှင် တပ်မှူးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍
ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။
ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း“သင်တို့ဆိုသည့်အတိုင်း ငါဖြစ်၏”ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
သူသည် ချက်ချင်းပင် စစ်သားတို့နှင့်တပ်မှူးတို့ကိုခေါ်၍ သူတို့ထံသို့ ပြေးဆင်းလာ၏။ လူတို့သည် တပ်မှူးကြီးနှင့်စစ်သားများကိုမြင်လျှင် ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်ကြ၏။
ထိုအခါ ပေါလုသည် တပ်မှူးတစ်ယောက်ကိုခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအား ပြောပြစရာတစ်စုံတစ်ခုရှိပါသဖြင့် သူ့ကို တပ်မှူးကြီးထံ ခေါ်သွားပေးပါ”ဟု ဆိုလေ၏။
ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။
သို့သော် တပ်မှူးသည် ပေါလုကိုကယ်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်ကာ ရေကူးတတ်သူများသည် ဦးစွာခုန်ချ၍ ကမ်းပေါ်သို့ကူးသွားကြရန်နှင့်
မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။