Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဆီဇာရီးယား​မြို့​တွင် အီတလီ​တပ်​ဟု​ခေါ်​သော​တပ်ဖွဲ့​မှ ကော်နေလိ​အမည်​ရှိ​သော တပ်မှူး​တစ်​ယောက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ကဲ​သ​ရိ​မြို့​တွင်​ကော်​နေ​လိ​နာ​မည်​ရှိ​သူ​လူ တစ်​ယောက်​ရှိ​၏။ သူ​သည် ``ဣ​တ​လိ​တပ်'' ဟု ခေါ်​သော​တပ်​မှ​တပ်​ခွဲ​မှူး​တစ်​ယောက်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 တစ် နေ့ သ၌ ကဲ သ ရိ မြို့ တွင် ဘု ရား တ ရား ကြည် ညို လျက် အိမ် သူ အိမ် သား ရှိ သ မျှ နှင့် တ ကွ ဘု ရား သ ခင် ကို ခန့် ညား လျက်၊ ပြည် သူ ပြည် သား တို့ အား များ စွာ စွန့် ကြဲ ပေး ကမ်း လျက်၊ ဘု ရား သ ခင့် ထံ အ စဉ် ပ ဌ နာ ပြု တတ် သော ဣ တ လိ ရန် ခေါ် ထောင် တပ် တွင် ရာ တပ် မှူး ကော် နေ လိ ဆို သူ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ဆီဇာရီးယားမြို့​၌ ကော်နေလိ​အမည်​ရှိသော​သူ တစ်ယောက်​ရှိ၏။ သူ​သည် အီတလီတပ်​ဟု ခေါ်သော​တပ်​တွင် လူ​တစ်ရာ​ကို​အုပ်ချုပ်သည့် ရောမ​တပ်မှူး​တစ်ဦး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 10:1
19 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ


တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။


ထိုအခါ စစ်သား​များ​သည် ရုံးတော်​ဟု​ခေါ်​သော ဘုရင်ခံ​၏​အိမ်​တော်​ဝင်း​ထဲသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို​စုရုံး​စေ​ကြ​၏။


ထိုစဉ် တပ်မှူး​တစ်​ယောက်​၏​အလွန်​အားထား​ရ​သော အစေအပါး​တစ်​ဦး​သည် နာမကျန်း​ဖြစ်​ပြီး သေအံ့ဆဲဆဲ​ဖြစ်​နေ​၏။


ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ


သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။


နောက်တစ်နေ့​၌ သူ​သည် ဆီဇာရီးယား​မြို့​သို့ ရောက်​လေ​၏။ ကော်နေလိ​သည် မိမိ​၏​ဆွေမျိုး​များ​နှင့် ရင်းနှီး​သော​မိတ်ဆွေ​များ​ကို စုရုံး​ထား​လျက် သူ​တို့​ကို​စောင့်မျှော်​နေ​၏။


လူ​တို့​သည် ပေါလု​ကို​သတ်​ရန် ကြိုးစား​နေ​ကြ​စဉ် ဂျေရုဆလင်​တစ်မြို့လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ဟူသော​သတင်း​သည် တပ်ဖွဲ့​တစ်​ဖွဲ့​၏​တပ်မှူးကြီး​ထံ ရောက်​လေ​၏။


နောက်တစ်နေ့​တွင် ထွက်ခွာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​ပြီးလျှင် ရွေးကောက်​ခံရ​သူ​ခုနစ်​ဦး​ထဲမှ တစ်​ဦး​ဖြစ်​သည့်​ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ ဖိလိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ၌​တည်းခို​ကြ​၏။


သူ့​ကို ကြိုး​နှင့်​ချည်နှောင်​ကြ​သောအခါ ပေါလု​က အနီး၌​ရပ်​နေ​သော​တပ်မှူး​အား “သင်​တို့​၌ ရောမ​နိုင်ငံသား​တစ်​ဦး​ကို မ​စစ်ဆေး​ဘဲ ဒဏ်ခတ်​ရိုက်နှက်​ပိုင်​ခွင့်​ရှိ​သလော”​ဟု မေး​လေ​၏။


ထို့နောက် တပ်မှူးကြီး​သည် တပ်မှူး​နှစ်​ဦး​ကို​ခေါ်​၍ “ည​ကိုး​နာရီ​အချိန်​၌ ဆီဇာရီးယား​မြို့​သို့​သွား​ရန် စစ်သား​နှစ်ရာ၊ လှံ​တပ်သား​နှစ်ရာ​နှင့် မြင်း​တပ်သား​ခုနစ်ဆယ်​တို့​ကို ပြင်ဆင်​ကြ​လော့။


မြင်း​တပ်သား​တို့​သည် ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘုရင်ခံ​အား​ပေးအပ်​ကာ ပေါလု​ကို​လည်း သူ့​ထံသို့​အပ်​ကြ​၏။


ဖေတ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်​၍ သုံး​ရက်​ကြာ​သောအခါ ဆီဇာရီးယား​မြို့​မှ ဂျေရုဆလင်​မြို့​သို့ တက်​သွား​လေ​၏။


ထိုမှ ရက်​အနည်းငယ်​ကြာ​ပြီးနောက် အဂြိပ္ပ​မင်းကြီး​နှင့်​မိဖုရား​ဗေရနိတ်​တို့​သည် ဖေတ္တု​မင်း​ကို​နှုတ်ဆက်​ရန် ဆီဇာရီးယား​မြို့​သို့​ရောက်​လာ​ကြ​၏။


ငါ​တို့​သည် အီတလီ​ပြည်​သို့​ရွက်လွှင့်​ရ​မည်​ဟု သူ​တို့​ဆုံးဖြတ်​ကြ​သောအခါ သူ​တို့​သည် ပေါလု​နှင့်​အခြား​အကျဉ်းသား​အချို့​တို့​ကို ဧကရာဇ်​မင်း​၏​တပ်ဖွဲ့​မှ ယုလိ​အမည်​ရှိ​သော​တပ်မှူး​ထံ အပ်​ကြ​၏။


ပေါလု​က တပ်မှူး​နှင့်​စစ်သား​တို့​အား “သင်္ဘော​ပေါ်တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။


သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်​လို​သဖြင့် သူ​တို့​၏​အကြံအစည်​ကို​တားမြစ်​ကာ ရေကူး​တတ်​သူ​များ​သည် ဦးစွာ​ခုန်ချ​၍ ကမ်း​ပေါ်သို့​ကူးသွား​ကြ​ရန်​နှင့်


ဖိလိပ္ပု​မူကား အာဇုတ်​မြို့​၌​ပေါ်လာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​သည့်​တိုင်အောင် မြို့​ရွာ​အားလုံး​တို့​ကို​လှည့်လည်​၍ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ