Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:70 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

70 ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

70 ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

70 ထို အ ခါ ရှိ သ မျှ တို့ က သို့ ဖြစ် လျှင် သင် သည် ဘု ရား သ ခင့် သား တော် လော ဟု မေး ကြ သော် သင် တို့ ဆို ကြ သည့် အ တိုင်း ငါ ဖြစ် သည် ဟု မိန့် တော် မူ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

70 ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

70 ထိုအခါ သူတို့​အားလုံး​က “သို့ဖြစ်လျှင် သင်​သည် ဘုရား​သား​ဖြစ်သလော” ဟု မေးကြ၏။ ယေရှု​က “သင်တို့​ဆိုသည့်​အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

70 ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:70
20 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။ ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။


ထိုအခါ ကိုယ်တော်​ကို​အပ်နှံ​တော့​မည့်​ယုဒ​က “ရဗ္ဗိ၊ အကျွန်ုပ်​လော”​ဟု မေးလျှောက်​သော် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။


ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။


ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။


သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။


တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။


ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။


ထိုအခါ ဖြားယောင်း​သွေးဆောင်​သော​သူ​သည် ချဉ်းကပ်​လာ​၍ “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​တို့​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။


ယေရှု​က​လည်း“ငါ​ဖြစ်​၏။ လူ့သား​သည် တန်ခိုး​တော်​၏​လက်ယာ​ဘက်​၌​ထိုင်​လျက် ကောင်းကင်​မိုးတိမ်​များ​ဖြင့်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ပိလတ်​မင်း​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လေ​၏။ ကိုယ်တော်​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။


သူ​တို့​က​လည်း “ငါ​တို့​ကိုယ်တိုင် သူ​၏​နှုတ်​မှ ထို​စကား​ကို​ကြား​ရ​ပြီ​ဖြစ်၍ မည်သည့်​သက်သေ​လို​သေး​သနည်း”​ဟု ဆို​ကြ​၏။


ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု ပြန်ဖြေ​တော်မူ​၏။


နတ်ဆိုး​တို့​က​လည်း “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​လျက် လူ​များစွာ​တို့​အထဲမှ ထွက်သွား​ကြ​၏။ ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ကြောင်း ထို​နတ်ဆိုး​တို့​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​၍ သူ​တို့​အား စကား​ပြော​ခွင့်​ပေး​တော်​မ​မူ။


ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။


နာသနေလ​က “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စရေး​ဘုရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။


ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။


ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ ပညတ်​တရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိမိကိုယ်ကို ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေညာ​သောကြောင့် ထို​ပညတ်​တရား​အရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ