ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
မဿဲ 27:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။ Common Language Bible ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။ Garrad Bible ချည် နှောင် ယူ သွား၍ ဘု ရင် ခံ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။ Judson Bible ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆွေးနွေးပြီးသောအခါ ယေရှုကို ချည်နှောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။ မြန်မာ ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- |
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသတင်းသည် ဘုရင်ခံ၏နားသို့ပေါက်ကြားခဲ့လျှင် သူ့ကို ငါတို့ဖျောင်းဖျ၍ သင်တို့၌စိုးရိမ်စရာမရှိစေရန် ဆောင်ရွက်ပေးမည်”ဟု ဆိုကြ၏။
ထိုအချိန်၌ပင် လူအချို့တို့သည်ရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲနယ်သားအချို့တို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့်ရောနှောခဲ့ကြောင်း ကိုယ်တော်အားကြားလျှောက်ကြ၏။
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
ထို့နောက် တရားလွှတ်တော်၌စုဝေးသောသူအပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းရှေ့သို့ခေါ်ဆောင်သွားပြီးလျှင်
ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။
ထိုအခါ တပ်မှူးကြီးသည် အနီးသို့ရောက်လာ၍ ပေါလုကိုဖမ်းဆီးကာ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေးပြီးလျှင် ပေါလုသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို မေးမြန်းလေ၏။
သူ့ကို ကြိုးနှင့်ချည်နှောင်ကြသောအခါ ပေါလုက အနီး၌ရပ်နေသောတပ်မှူးအား “သင်တို့၌ ရောမနိုင်ငံသားတစ်ဦးကို မစစ်ဆေးဘဲ ဒဏ်ခတ်ရိုက်နှက်ပိုင်ခွင့်ရှိသလော”ဟု မေးလေ၏။
ထို့ကြောင့် သူ့ကိုစစ်ဆေးမည့်သူများသည် သူ့ထံမှ ချက်ချင်းဆုတ်ခွာသွားကြ၏။ တပ်မှူးကြီးကလည်း ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိလျှင် သူ့ကိုချည်နှောင်လိုက်မိသည့်အတွက် ကြောက်ရွံ့လေ၏။
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ဘုရားသည် မိမိအမှုဆောင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုအရှင်ကို ဖမ်းဆီးအပ်နှံ၍ သူ့ကိုလွှတ်ပေးမည်ဟုဆုံးဖြတ်ထားသောပိလတ်မင်းရှေ့၌ ငြင်းပယ်ကြ၏။
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။
ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။
အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။
သူတို့ကလည်း “ယခု သင့်ကို ဖမ်းပြီး ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်ရန် လာခဲ့ခြင်းဖြစ်၏”ဟု ဆိုသော် ရှံဆုန်က “သင်တို့ကိုယ်တိုင် ငါ့ကိုမသတ်ပါဟု ကျိန်ဆိုလော့”ဟု ဆို၏။