Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ပြောင်လှောင်​ခြင်း၊ ဒဏ်ခတ်​ရိုက်နှက်​ခြင်း​နှင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေရန် သူ့​ကို လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သ ရော် ရိုက် နှက်၍ ကား တင် စေ ရန် လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် သော နေ့၌ ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:19
30 ပူးပေါင်းရင်းမြစ်များ  

လူမိုက်​သားသမီး​များ​၊ နာမည်ပျက်သူ​၏​သားသမီး​များ​ဖြစ်၍ သူ​တို့​၏​ပြည်​မှ​နှင်ထုတ်​ခံရ​ကြ​၏​။


ပွဲ​၌​လှောင်ပြောင်​ကဲ့ရဲ့​တတ်​သော ဘုရားတရားမဲ့​သူ​များ​ကဲ့သို့ သူ​တို့​သည် ငါ့​ကို​ကြည့်​လျက် အံကြိတ်​ကြ​၏​။


ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


နှစ်​ရက်​လွန်​ပြီးနောက် ငါ​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​တွင် ငါ​တို့​ကို ပြန်လည်​ထမြောက်​စေ​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော့်​ရှေ့​တော်​တွင် အသက်ရှင်​ခွင့်​ရ​ကြ​လိမ့်မည်​။


အကြောင်းမူကား ယောန​သည် ငါးကြီး​ဝမ်း​ထဲ၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရသကဲ့သို့ လူ့သား​သည်​လည်း မြေကြီး​အတွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်မည်။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။


လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။


ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။


“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။


ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။


နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။


ပိလတ်​မင်း​သည် လူထု​ပရိသတ်​ကို​ကျေနပ်​စေ​လို​၍ သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။


အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။


ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။


သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကျမ်းစာ​၌​ရေး​ထား​သည်​ကား ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်။


ဘုရားသခင်​ချမှတ်​ထား​သော​အကြံအစည်​တော်​နှင့် ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​တို့​အရ အပ်နှံ​ခြင်း​ခံရ​သော​ထို​အရှင်​ကို သင်​တို့​သည် တရားမဲ့​သော​သူ​တို့​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​၍ ကွပ်မျက်​ကြ​၏။


ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါလု​၏​ခါးပန်း​ကို​ယူ​ပြီးလျှင် မိမိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်နှောင်​ကာ “ဂျူး​လူမျိုး​တို့​သည် ဤ​ခါးပန်း​ပိုင်ရှင်​ကို ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့​ချည်နှောင်​၍ လူမျိုးခြား​တို့​လက်​သို့ အပ်နှံ​ကြ​လိမ့်မည်​ဟု သန့်ရှင်း​သော​ဝိညာဉ်​တော်​မိန့်​တော်မူ​၏”​ဟု ဆို​လေ​၏။


အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ