ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
မဿဲ 19:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။ Common Language Bible ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။- Garrad Bible သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် မော ရှေ သည် မ ယား ကွာ ခွင့် ပြု ရ၏။ Judson Bible ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့သည် အလွန်ခေါင်းမာသောကြောင့် မောရှေသည် သင်တို့အား ဇနီးနှင့်ကွာရှင်းခွင့်ပေးရ၏။ သို့သော် အစဦး၌ ထိုသို့မဟုတ်ပါ။ မြန်မာ ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။- |
ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
ရေလွှမ်းမိုးမှုကြောင့် နောဧသည် သူ၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
မေရိဘအရပ်၌ကဲ့သို့လည်းကောင်း၊ တောကန္တာရရှိ မဿာအရပ်၌ရှိစဉ်ကကဲ့သို့လည်းကောင်း သင်တို့၏စိတ်နှလုံးကို မမာကျောစေကြနှင့်။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။
သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုလျှင် ဝက်အုပ်ထဲသို့ စေလွှတ်တော်မူပါ”ဟု ကိုယ်တော်အားတောင်းပန်ကြ၏။
ယေရှုကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် သူသည် ဤပညတ်ချက်ကို သင်တို့အတွက်ရေးခဲ့ခြင်းဖြစ်၏။
ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
ထိုသို့ဆိုသော် အမိန့်ပေးခြင်းအနေဖြင့်မဟုတ်ဘဲ အခွင့်ပေးခြင်းအနေဖြင့် ငါဆို၏။