Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ စ အဦး ၌ မူ ကား ထို သို့ မ ဟုတ်။ ငါ ဆို သည် မှာ မည် သူ မ ဆို မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု လျှင် သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ် သည် ဟု မိန့် တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​၏​ဖောက်ပြန်ခြင်း​မှလွဲ၍ မိမိ​ဇနီး​အား ကွာရှင်း​ကာ အခြား​တစ်ဦး​နှင့် လက်ထပ်သော​ခင်ပွန်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:9
18 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဘုရားသခင်​သည် အဘိမလက်​မင်းကြီး​ထံသို့ ည​အိပ်မက်​ထဲတွင်​ကြွလာ​၍ “​သင်​သိမ်းယူ​သော​မိန်းမ​ကြောင့် သင်​သေ​ရ​မည်​။ အကြောင်းမှာ သူ​သည် ယောက်ျားရှိ​သော​မိန်းမ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထို့ပြင် သူ​သည် ယုဒ​တောင်ကုန်း​များ​ပေါ်တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို​လည်း တည်​၍ ဂျေရုဆလင်​မြို့သား​များ​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ ယုဒ​ပြည်သား​များ​ကို​လည်း လမ်းလွဲ​စေ​၏​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သစ္စာမဲ့​သော​အစ္စရေး​လူမျိုး​သည် အိမ်ထောင်ရေးဖောက်ပြန်​သည်​ကို ငါ​မြင်​သောကြောင့် သူ့​ကို ကွာရှင်း​စာ​ပေး​ပြီး နှင်ထုတ်​ခဲ့​သည်​ကို​ပင် သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် မ​ကြောက်​ဘဲ ပြည့်တန်ဆာ​သွား​လုပ်​၏​။


‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။


ထိုမျှမက ခါလဒဲ​ပြည်သား ကုန်သည်​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုမျှနှင့်လည်း သင်​သည် အားရကျေနပ်မှု​မ​ရှိ​။


သင့်​အနား​မှ​ဖြတ်သွား​၍​ကြည့်​သော် သင်​သည် အိမ်ထောင်ပြု​ရ​မည့်​အရွယ်​သို့ ရောက်​လေ​ပြီ​။ ထို့ကြောင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သော​သင့်​ကို ငါ့​ဝတ်လုံစွန်း​ဖြင့် ဖုံးအုပ်​ပေး​၏​။ သင်​နှင့်​သစ္စာဆို​၍ ပဋိညာဉ်ဖွဲ့​၏​။ ထို့ကြောင့် သင့်​ကို ငါ​ပိုင်ဆိုင်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


တပည့်​တော်​တို့​က “လင်​နှင့်​မယား​တို့​၏​ဆက်နွှယ်​မှု​သည် ထိုသို့​ဖြစ်​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။


ကိုယ်တော်​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။


မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​တိုင်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ ခင်ပွန်း​က​ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။


သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။


မယား​သည် မိမိ​လင်​ယောက်ျား​အသက်ရှင်​နေ​သရွေ့​ကာလ​ပတ်လုံး အနှောင်အဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေဆုံး​ခဲ့​လျှင်​မူကား မိမိ​နှစ်သက်​သော​သူ​နှင့် သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု​ခွင့်​ရှိ​၏။


မယား​သည် မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​ကသာ​ပိုင်​၏။ ထို့အတူ လင်​ယောက်ျား​သည်​လည်း မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ မယား​က​သာ​ပိုင်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ