Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ယေရှု​က “သင်တို့​သည် အလွန်​ခေါင်းမာ​သောကြောင့် မောရှေ​သည် သင်တို့​အား ဇနီး​နှင့်​ကွာရှင်းခွင့်​ပေးရ၏။ သို့သော် အစဦး​၌ ထိုသို့​မဟုတ်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် မော ရှေ သည် မ ယား ကွာ ခွင့် ပြု ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ကိုယ်တော်​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:8
14 ပူးပေါင်းရင်းမြစ်များ  

ဖာရိရှဲတို့​က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်​ကို ဇနီး​အား ပေး​၍ ကွာ​စေရန် မောရှေ​သည် အဘယ်ကြောင့်​ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​၏​ဖောက်ပြန်ခြင်း​မှလွဲ၍ မိမိ​ဇနီး​အား ကွာရှင်း​ကာ အခြား​တစ်ဦး​နှင့် လက်ထပ်သော​ခင်ပွန်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။


ယေရှု​က “ဘုရားသခင်​အလိုတော်​ရှိသော အရာ​အားလုံး​ကို လုပ်ဆောင်ကြရမည်​ဖြစ်​သောကြောင့် ယခု ငါ့​ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်​သည် ယေရှု​အား နှစ်ခြင်းမင်္ဂလာ​ပေး​ရန် သဘောတူလေ၏။


နတ်ဆိုးတို့​က “အကျွန်ုပ်တို့​ကို နှင်ထုတ်မည်​ဆိုပါက ထို​ဝက်အုပ်​ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။


ယေရှု​က “ဤသို့ မောရှေ​ခွင့်ပြုရခြင်း​မှာ သင်တို့​သည် အလွန်​ခေါင်းမာကြ​သောကြောင့်​ဖြစ်၏။


ထို့နောက် တပည့်တော်​ဆယ့်တစ်ပါးတို့​သည် အစာ​သုံးဆောင်နေကြ​စဉ် ယေရှု​သည် သူတို့​အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် မိမိ​အား ကိုယ်တိုင်​တွေ့မြင်ကြသော သူတို့​၏​စကား​ကို မယုံဘဲ ခေါင်းမာ​လျက် ငြင်းပယ်ကြသော ထို​တပည့်တော်​ဆယ့်တစ်ပါးတို့​ကို ယေရှု​သည် ပြစ်တင်​ဆုံးမတော်မူ၏။


ဤသို့ ကျွန်ုပ်​ပြောဆိုသည်​မှာ အမိန့်ပေးခြင်း​မဟုတ်ဘဲ အခွင့်ပေးခြင်း​သာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ