“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
မြည်တမ်းစကား 5:8 - မြန်မာ့စံမီသမ္မာကျမ်း ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အကျွန်ုပ်တို့ကို ကယ်နုတ်မည့်သူမရှိပါ။ Common Language Bible ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်း အဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။ Garrad Bible ကျွန် က ပင်။ အ ကျွန်ုပ် တို့ အ ပေါ် တွင် မင်း မူ လျက်။ လက် တွင်း မှ ကယ် လွှတ် သူ မ ရှိ ချေ။ Judson Bible သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနုတ်ပါ။ |
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
သူ့သားသမီးတို့သည် လုံခြုံမှုနှင့် ကင်းဝေး၏။ မြို့တံခါး၌ ညှဉ်းဆဲခံနေရသည်ကိုပင် ကယ်နုတ်မည့်သူမရှိ။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။