တရားဟော 28:43 - မြန်မာ့စံမီသမ္မာကျမ်း43 သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible43 ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible43-44 သင် တို့ ဘောင်၌ ရှိ သော ဝင် နေ သူ တို့ သည်၊ သင် တို့ ထံ ချေး ယူ ခြင်း ကင်း လျက် ချေး ငှါး ရ သည့် အ လျောက်၊ အ စဉ် တ စိုက် ဦး ခေါင်း အ ဖြစ် ရောက် အောင် တိုး တက် ရာ တွင် သင် တို့ မှာ မူ၊ အ မြီး အ ဖြစ် ရောက် အောင်၊ သြ ဇာ လျော့၍ ဆုတ် ယုတ် ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible43 သင်နှင့်အတူနေသော တစ်ပါးအမျိုးသားသည်မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။