ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။
မြည်တမ်းစကား 3:5 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို ဝန်းရံတိုက်ခိုက်တော်မူပြီ။ ခါးသီးမှု၊ ခက်ခဲမှုဖြင့် ဝိုင်းထားတော်မူပြီ။ Common Language Bible ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။ Garrad Bible နစ် နာ ခြင်း၊ ပင် ပန်း ခြင်း များ ဖြင့်။ ဝန်း ဝိုင်း ကာ ရံ ၍၊ Judson Bible ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။ |
ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။
သူတို့သည် အကျွန်ုပ်၏အစာအတွက် ဆေးခါးကိုကျွေး၍ အကျွန်ုပ်ရေငတ်သောအခါ ဝိုင်ချဉ်ကို တိုက်ကြပါ၏။
ထို့ကြောင့် ပရောဖက်တို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ရှိပရောဖက်တို့ အစပြုလိုက်သော မကောင်းမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လေပြီ။ ထို့ကြောင့် ငါသည် သူတို့အား ဒေါနကိုစားစေမည်။ အဆိပ်ရေကို သောက်စေမည်”ဟု မိန့်တော်မူ၏။
ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။
ထို့ကြောင့် အစ္စရေး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးအား ဒေါနကိုစားစေမည်။ အဆိပ်ရေကိုသောက်စေမည်။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှု၊ ဆင်းရဲဒုက္ခတို့ကို သတိရတော်မူပါ။ အကျွန်ုပ်သောက်ရသော ဒေါနရည်၊ အဆိပ်ရည်တို့ကိုလည်း သတိရတော်မူပါ။
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။