အမြင့်ဆုံးသောအရှင် နှုတ်မြွက်သည့်အတိုင်း အကောင်း၊ အဆိုး ဖြစ်လာတတ်သည်မဟုတ်လော။
အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
မြင့် မြတ် သော ဘု ရား နှုတ် မြွက် တော် မူ သည့် အ တိုင်း၊ ဒု က္ခ နှင့် သု ခ ရောက် လာ သည် မ ဟုတ် လော။
အမြင့်ဆုံးသောဘုရား၏ နှုတ်တော်ထွက်ရှိသည်အတိုင်း မင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။
သို့သော် ရှင်ဘုရင်က “ဇေရုယာသားတို့၊ သင်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ ထာဝရဘုရားက သူ့အား ‘ဒါဝိဒ်ကို ကျိန်ဆဲလော့’ဟု အခွင့်ပြုလျှင် သူကျိန်ဆဲသည်ကို ‘သင် အဘယ်ကြောင့် ကျိန်ဆဲသနည်း’ဟု သူ့ကို မည်သူပြောခွင့်ရှိမည်နည်း”ဟု မိန့်ဆို၏။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။
များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ဤလူမျိုးအပေါ် ကြီးမားသောဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေသည့်နည်းတူ ငါကတိထားသော ကောင်းကျိုးချမ်းသာအလုံးစုံကိုလည်း သူတို့အပေါ် သက်ရောက်စေမည်။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။