လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
မြည်တမ်းစကား 2:18 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားရှင်ထံ စိတ်နှလုံးထဲမှ အော်ဟစ်ကြပြီ။ အို ဇိအုန်သမီးပျို၏မြို့ရိုး၊ နေ့နေ့ညည မျက်ရည်ချောင်းစီးဆင်းစေလော့။ မနားတမ်းငိုလော့။ သင့်မျက်ဆန်ကို အနားမပေးနှင့်။ Common Language Bible အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။ Garrad Bible အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။ Judson Bible သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အို ဇိအုန်သတို့သမီး၏ မြို့ရိုး၊ သင်၏မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညမပြတ် စီးစေလော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ |
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ခေါ်ပါ၏။ အကျွန်ုပ်ကို ထူးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါမည်။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
သူသည် တစ်ညလုံး ခါးသီးစွာငိုကြွေးနေရပြီ။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲနေပြီ။ သူ့ချစ်သူတို့လည်း သူ့ကို မနှစ်သိမ့်ကြ။ သူ့မိတ်ဆွေအပေါင်းတို့ကလည်း သူ့ကိုသစ္စာဖောက်ပြီး ရန်သူဖြစ်သွားကြပြီ။
ထာဝရဘုရားသည် ဇိအုန်သမီးပျို၏မြို့ရိုးကို ဖျက်ဆီးမည်ဟု ကြံရွယ်တော်မူပြီ။ မျဉ်းကြိုးကိုချပြီး လက်တော်ကိုဆန့်လျက် ဖျက်ဆီးတော်မူပြီ။ တံတိုင်းနှင့်မြို့ရိုးတို့အား ငိုကြွေးမြည်တမ်းစေတော်မူပြီ။ အားလုံးပြိုကျပျက်စီးလေပြီ။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
စင်စစ် ကျောက်တုံးတစ်တုံးသည် နံရံထဲမှအော်ဟစ်၍ ရက်မတစ်ချောင်းသည် သစ်သားများထဲမှတုံ့ပြန်လိမ့်မည်။