မြည်တမ်းစကား 2:18 - Common Language Bible18 အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။ အခန်းကိုကြည့်ပါ။Garrad Bible18 အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။ အခန်းကိုကြည့်ပါ။Judson Bible18 သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အို ဇိအုန်သတို့သမီး၏ မြို့ရိုး၊ သင်၏မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညမပြတ် စီးစေလော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် ဘုရားရှင်ထံ စိတ်နှလုံးထဲမှ အော်ဟစ်ကြပြီ။ အို ဇိအုန်သမီးပျို၏မြို့ရိုး၊ နေ့နေ့ညည မျက်ရည်ချောင်းစီးဆင်းစေလော့။ မနားတမ်းငိုလော့။ သင့်မျက်ဆန်ကို အနားမပေးနှင့်။ အခန်းကိုကြည့်ပါ။ |
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-