မြည်တမ်းစကား 1:20 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ဆင်းရဲဒုက္ခရောက်ပါပြီ။ အကျွန်ုပ်အထဲ၌ ပွက်ပွက်ဆူနေပြီ။ အကျွန်ုပ်သည် ဖီဆန်ပုန်ကန်မိပါပြီ။ ထို့ကြောင့် အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အတွင်း၌ မငြိမ်မသက်ဖြစ်လျက်ရှိ၏။ အိမ်ပြင်၌ ဓားဘေးရှိ၏။ အိမ်ထဲ၌လည်း သေဘေးရှိ၏။ Common Language Bible ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။'' Garrad Bible အို ထာ ဝ ရ ဘု ရား၊ ရှု ကြည့် တော် မူ ပါ။ အ ကျွန်ုပ် ဒု က္ခ ရောက်၍ ဝမ်း နည်း ပါ၏။ တော် လှန် ပုန် ကန် ခဲ့ သော အ ကျွန်ုပ် သည်၊ စိတ် ပူ လေ၏။ မြို့ အ ပြင် တွင် ဓား ဘေး၊ မြို့ အ တွင်း တွင် သေ ဘေး သင့် ရောက် လေ စွ တ ကား။ Judson Bible အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုက်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ဓားဘေးနှင့် တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ ရှိပါ၏။ |
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။ အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဆိုးယုတ်မှု၊ ဘိုးဘေးတို့၏အပြစ်တို့ကို ဝန်ခံပါ၏။ အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိကြပါပြီ။
သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
သူတို့ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာ ပျက်ပြုန်းလေပြီဖြစ်၍ ငါ့စိတ်နှလုံးသည် မောဘပြည်ကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်။ ငါ့စိတ်နှလုံးသည် ကိရဟရက်မြို့သားကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
မြို့ပြင်တွင် ဓားဘေးရှိ၏။ မြို့ထဲတွင် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ရှိ၏။ ကွင်းပြင်သို့ ထွက်သွားသောသူသည် ဓားဖြင့် အသတ်ခံရလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့သည် မြို့ထဲတွင်နေသောသူတို့ကို ဝါးမျိုလိမ့်မည်။
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။